သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ ရေးသားခဲ့တာပါ။

ယူနိုက်တက်ဟာ မနေ့ညက ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ လေးဂိုးပြတ်နဲ့ အရှက်တကွဲရှုံးနိမ့်ပြီးနောက် အမှတ်ပေးဇယားအောက်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ အသင်းကလည်း ပထမပိုင်း (၃၅) မိနစ်မပြည့်ခင်မှာတင် လေးဂိုးပေးလိုက်ရပါတယ်။



လက်ကျန်ပွဲကစားချိန်တွေမှာ ဂိုးထပ်မပေးရတာဘဲ ယူနိုက်တက်အတွက် ကံကောင်းခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒီပွဲကိုတော့ ရော်နယ်ဒိုရဲ့ တူလေး ဒန်းနစ်အေဗီရိုတယောက် ရုပ်သံကနေ တိုက်ရိုက်ကြည့်ရှုခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ တင်ထားတဲ့ ဓာတ်ပုံတပုံကတော့ ယူနိုက်တက်ပရိသတ်တွေအတွက်ပါ ရင်နာစရာဖြစ်ခဲ့ပါတယ်။

အသက် (၁၂) နှစ်အရွယ် ဒီကောင်လေးက ယူနိုက်တက်ကို ဘရန့်ဖို့ဒ်က လေးဂိုးပြတ်နဲ့အနိုင်ရရှိထားတဲ့ ဂိုးရလဒ်ကို ဓာတ်ပုံရိုက်ကာ “အဲ့ဒီအသင်းကနေ ထွက်ခဲ့ပါတော့ ဦးလေး” လို့ အဓိပ္ပာယ်ရတဲ့စာသားတွေကို ပေါ်တူဂီဘာသာစကားနဲ့ ရေးသားခဲ့ပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်လည်း အသင်းရဲ့ အနေအထားအပေါ် တော်တော်လေး စိတ်ပျက်နေခဲ့ပြီး အသင်းဖော်တွေကို တတ်နိုင်သလောက် လှုံ့ဆော်ခဲ့ပါသေးတယ်။

ဒါပေမယ့် ဒီဂီယာရဲ့ အမှားနှစ်ကြိမ်ဆက်တိုက် အသင်းကို လုံးဝပြန်မလာစေတော့ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ ထိခိုက်သွားခဲ့တာဖြစ်ပါတယ်။ အခု ရော်နယ်ဒိုကို ယူနိုက်တက်ကထွက်ခွာဖို့ တိုက်တွန်းတဲ့ ဒန်းနစ်ဟာ ရော်နယ်ဒိုရဲ့အမ ကေတီယာအေဗီရိုရဲ့သားလေးလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်ကလည်း ယူနိုက်တက်က ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။

ရော်နယ်ဒိုရဲ့အမတွေနဲ့ မိခင်ဖြစ်သူတို့ဟာ ရော်နယ်ဒိုဘက်က အမြဲတမ်းမားမားမတ်မတ် ရပ်တည်လေ့ရှိကြသူတွေပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း ရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်က အသက်ကြီးသွားပြီလို့ ပြောခဲ့တာကြောင့် ရော်နယ်ဒိုရဲ့ နောက်ထပ်အမတယောက်ဖြစ်တဲ့ အယ်လ်မာအေဗီရိုက ပီရက်ဇ်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က