Triple ကင်မရာနဲ့ ထူးခြားတဲ့ RGB Lighting စနစ် ပါပါတယ်

စက်ရုပ်ပုံစံကင်မရာ Bump ဒီဇိုင်းနဲ့ အကြမ်းပတမ်းအသုံးခံဖို့ ထုတ်လုပ်ထားတဲ့ တန်ဖိုးသင့် Rugged Phone ထွက်လာပြီ ဖြစ်ပါတယ်။ 

Rugged ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချနေတဲ့ DOOGEE ကနေ DOOGEE S89 Pro နာမည်နဲ့ ထုတ်ကုန်သစ် မိတ်ဆက်လိုက်တာပါ။ DOOGEE အမှတ်တံဆိပ် Rugged Phone တွေရဲ့ပုံစံအတိုင်း အကြမ်းပတမ်း အသုံးခံမှုမှာ ထိပ်တန်းဖြစ်အောင် တည်ဆောက်ထားတာပါ။ DOOGEE S89 Pro ဟာ ခေတ်ရှေ့ပြေး ဒီဇိုင်းနဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ 





အကြမ်းခံမှု အသားပေး ဖုန်းဖြစ်တဲ့အတိုင်း ဒီဖုန်းဟာ ရေစိမ်ခံမှုမှာ IP68/69K Rating ခံနိုင်ရည် ရှိသလို နောက်ဆုံးပေါ် စစ်တပ်အဆင့် အကြမ်းခံမှု MIL-STD-810H ထောက်ခံချက် ပါရှိပါတယ်။ ရေလုံသလို ဖုန်မဝင်အောင်ပါ တည်ဆောက်ထားတဲ့အပြင် လွတ်ကျတဲ့ ဒဏ်တွေကိုလည်း ပယ်ပယ်နယ်နယ် ခံနိုင်ရည် ရှိမှာပါ။ မျက်နှာပြင်ဆိုဒ် ၆.၃ လက်မ LCD Display ဟာ FHD+ ရုပ်ထွက်ပါရှိပြီး နောက်ဆုံးထွက် Android 12OS နဲ့ လာပါတယ်။ 

ကျောဘက်မှာ RGB အလင်းထွက် မျက်လုံးတွေနဲ့ Robot-Shape ကင်မရာပုံစံ Bump တစ်ခု ပါရှိပါတယ်။ RGB လုပ်ဆောင်ချက်ပါတာကြောင့် အလင်း Lighting Pattern ၊ အမြန်နှုန်းနဲ့ ကာလာတွေကိုလည်း ကိုယ့်အကြိုက် ကြိုတင် ချိန်ညှိနိုင်မှာပါ။ ဖုန်းအဝင်ခေါ်ဆိုမှုတွေအတွက် ကာလာသပ်သပ် ထားနိုင်သလို နိုးစက် ၊ အသံအမိန့်ပေးစနစ် စတဲ့ လုပ်ဆောင်ချက်တွေအတွက်လည်း သီးသန့် ကာလာ သတ်မှတ်ထားနိုင်ပါတယ်။ 

သီချင်းနဲ့အတူ အလင်းလုပ်ဆောင်ချက်ကို ချိန်ညှိထားနိုင်လို့ ဖုန်းကို မီနီဒစ္စကိုတစ်ခုလို အသုံးပြုလို့လည်း ရပါတယ်။ DOOGEE S89Pro ဟာ MediaTek P90 Chipset နဲ့ မောင်းနှင်ထားပြီး RAM 8GB/256GB Storage နဲ့ ထုတ်ထားပါတယ်။ microSD Card နဲ့ဆို 512GB အထိ ထပ်ပြီးလည်း တိုးနိုင်ပါတယ်။ ကျောဘက် ကင်မရာသုံးလုံး ပါပြီး 64MP Sony Main Sensor ၊ 20MP Night Vision ကင်မရာ နဲ့ 8MP Wide-Angle ကင်မရာတွေ သုံးထားတာ ဖြစ်ပါတယ်။ 



ရှေ့ဘက် Waterdrop notch ထဲမှာ 16MP Selfie ကင်မရာ ပါရှိပါတယ်။ 12000mAh ဘက်ထရီကတော့ 65W Fast Charging အားသွင်းတုံးနဲ့လာလို့ အားသွင်းရ အရမ်းကြီး ကြာမှာတော့ မဟုတ်ပါဘူး။ ဒီဖုန်းကို ဒေါ်လာ ၃၂၀ (မြန်မာငွေ ၆ သိန်းဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး AliExpress မှာဆို ဒေါ်လာ ၂၇၀ ဈေးနဲ့ လျှော့ဈေးချ ရောင်းနေတယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က