တန်ဖိုးနည်းဖုန်း Brand တစ်ခုဖြစ်တဲ့ Infinix ဟာ တကယ့် ထိပ်တန်းဆိုတဲ့ Feature တွေ ပါဝင်တဲ့ Flagship ဖုန်းသစ်တစ်မျိုးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Infinix ZERO ULTRA ဟာ နောက်ဆုံးပေါ် အဆင့်မြင့်ဆုံး Features တွေနဲ့ လာပြီး ကုမ္ပဏီရဲ့ ဈေးသက်သာတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ထိန်းထားတဲ့ ဖုန်းသစ်ပါ။ မျက်နှာပြင်ဆိုဒ် ၆.၈ လက်မ 3D Curved ဘောင်ကွေး FHD+ AMOLED Display သုံးထားတဲ့ ဒီဖုန်းဟာ 120Hz Refresh Rate ပါဝင်ပါတယ်။
ဒီဖုန်းကို MediaTek Dimensity 920 SoC နဲ့ မောင်းနှင်ထားပြီး 4500mAh ဘက်ထရီပါဝါကို ၁၂ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ့် 180W Thunder Charging အမြန်အားသွင်းစနစ် ပါရှိပါတယ်။ အားသွင်းစဉ် အပူလွန်ကဲမှု ကာကွယ်ဖို့နဲ့ အားသွင်းမှုအကောင်းဆုံး ဖြစ်စေဖို့ ဆော့ဖ်ဝဲလ်နဲ့ Hardware လုံခြုံရေးစနစ်ပေါင်း ၁၁၁ မျိုးအထိ ထည့်ပေးထားပါတယ်။
အဆင့်မြင့် Features တွေ သုံးထားတဲ့ ဒီဖုန်းဟာ ပရီမီယံဒီဇိုင်းနဲ့ လာပြီး ဘေးဘောင်ကွေး Display နဲ့ ကျောဘက် 3D Textured Glass မှန်ကိုမှ Coslight ငွေရောင်ကာလာနဲ့ ထွက်လာပါတယ်။ အနက်ရောင်ကာလာလည်း ထွက်ထားတာ ရှိပါတယ်။ မှန်ပြင်အပေါ် အလယ်တည့်တည့်မှာ Punch Hole ကင်မရာပေါက်ဒီဇိုင်းနဲ့ လာပြီး ရှေ့ဘက် 32MP Selfie ကင်မရာဟာ Dual LED Flash နှစ်ခုနဲ့ လာပါတယ်။
Infinix ZERO ULTRA မှာ သုံးထားတဲ့ Dimensity 920 SoC ဟာ 6nm process နဲ့ ထုတ်ထားပြီး Mali-G68 MC4 GPU ၊ RAM 8GB/256GB Onboard Storage တို့ သုံးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ XOS 12 စနစ် ပါရှိပါတယ်။ အားသွင်းစနစ်လိုပဲ ကင်မရာကလည်း Infinix ZERO Ultra ရဲ့ အဓိကအကျဆုံး Features တစ်ခု ဖြစ်ပါတယ်။ ZERO Ultra ဟာ ကျောဘက်မှာ OIS ရုပ်ငြိမ်စနစ်ပါ 200MP Main Sensor ၊ 13MP Ultrawide နဲ့ 2MP Sensor ဆိုပြီး ကင်မရာ သုံးလုံးတွဲသုံးထားပါတယ်။
Infinix ZERO Ultra ကို ဒေါ်လာ ၅၂၀ (မြန်မာငွေ ၁၂ သိန်းဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ထဲ ဖြန့်ချိသွားမယ်လို့လည်း ဆိုပါတယ်။