60x Hyper Zoom နဲ့ ထူးခြားတဲ့ဖုန်း

တန်ဖိုးသင့် တရုတ်စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Tecno ကနေ ဒီဇိုင်းလှပြီး ကင်မရာစွမ်းရည်ကောင်းတဲ့ ဖုန်းသစ်တစ်မျိုး ကြေညာလိုက်ပါတယ်။

           နိုင်ဂျီးရီးယားဈေးကွက်မှာ နောက်ဆုံးထွက် Camon 18 Premier ကို မိတ်ဆက်လိုက်တာ ပါ။ Tecno ဖုန်းတွေထဲမှာတော့ features ဆန်းတွေ အများဆုံးပါတဲ့ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။ Tecno Camon 18 Premier ဟာ အကြီးစား ၆.၇ လက် AMOLED display သုံးထားပါတယ်။ FHD+ resolution screen ဟာ upper mid-range နဲ့ flagship ဖုန်းတွေအကြားမှာ ရေပန်းစားနေတဲ့ 120Hz refresh rates လည်း ပါရှိပါတယ်။





Photo: Gizmochina

           ဖုန်းဘေးဘောင်တွေဟာ iPhone 12/13 series တို့စတိုင် လေးထောင့်စပ်စပ် Flat Design သုံးထားပြီး ရှေ့ကင်မရာအတွက် ဖုန်း screen အပေါ် အလယ်တည့်တည့်မှာ punch-hole ကင်မရာပေါက် ပါရှိပါတယ်။ punch-hole ပေါက်ထဲမှာ 32MP selfie ကင်မရာသုံးထားပြီး ကျောဘက်မှာ သိသိသာသာ ထူထဲတဲ့ ထောင်လိုက်စတုဂံပုံ ကင်မရာ Bump တစ်ခု နဲ့လာပါတယ်။

           ကျောဘက်ကင်မရာအိမ်ထဲမှာ 64MP main sensor အပါအဝင် စုစုပေါင်း ကင်မရာသုံးလုံး သုံးထားပါတယ်။ တခြားကင်မရာနှစ်လုံးကတော့ ဓါတ်ပုံရုပ်ငြိမ်စနစ်အတွက် Gimbal-Stabilize ပါတဲ့ 12MP နဲ့ 60x Hyper Zoom ဆွဲရိုက်နိုင်မယ့် 8MP periscope Zoom ကင်မရာတို့ ဖြစ်ပါတယ်။ ညဘက်တွေမှာ ဂြိုလ်တုတွေ လွှင့်တင်တာကို Moon Probe features သုံးပြီး ရိုက်ကူးနိုင်အောင် Galileo Algorithm Engine လည်း ပါရှိပါတယ်။ ညဘက်ရိုက်ချက်တွေ အကောင်းဆုံးနဲ့ အလင်းထွက်မှန်ဆုံးဖြစ်ဖို့ Night Portrait Video Mode ၊ Portrait Video Bokeh Mode နဲ့ အမှောင်မှာ ဓါတ်ပုံရိုက်ကူးမှုကို အကောင်းဆုံးဖြစ်စေဖို့ Super Night Mode ဆိုပြီး features တွေလည်း ထည့်ပေးထားပါတယ်။

Photo: GSMArena


           processor အနေနဲ့ Helio G96 chipset ကို RAM 8GB/256GB နဲ့ တွဲသုံးထားပါတယ်။ အရေးပါတဲ့ features တွေအဖြစ် ဘေးဘောင် လက်ဗွေဖတ်စနစ် ၊ NFC ၊ hadphone jack တို့လည်း ဒီဖုန်းမှာ‌ တွေ့ရမှာပါ။ dual SIM ၊ 4G VoLTE ချိတ်ဆက်မှုပါရှိပြီး အကြီးစား 4750mAh ဘက်ထရီ နဲ့လာပါတယ်။ ဖုန်းအားသွင်းမှုပိုင်းမှာ 33W Fast Charging ပေးထားလို့ နာရီဝက်အတွင်း ဖုန်းအား ၆၄% အထိ သွင်းနိုင်မယ်လို့လည်း ကုမ္ပဏီက ကြေညာပါတယ်။

           ဒီဖုန်းကို Polar Night နဲ့ Vast Sky နှစ်ရောင်နဲ့ ထွက်ပါတယ်။ ဈေးနှုန်းတော့ မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က