Redmi K50 Gaming ရဲ့ Rebrand ဗားရှင်းလို့ ဆိုရမယ့် Poco ဂိမ်းဖုန်းထွက်လာပြီ ဖြစ်ပါတယ်။
၂၀၂၁ ရဲ့ အကောင်းဆုံး Gaming ဖုန်းတွေထဲက တစ်လုံးဖြစ်တဲ့ Poco F3 GT ကို တရုတ်သီးသန့် Redmi K40 Gaming ဖုန်းအဖြစ် ပြန်တံဆိပ်ပြောင်း ထုတ်ခဲ့သလိုမျိုး Poco F4 GT ကိုလည်း နှစ်ဆန်းပိုင်းက ထွက်ခဲ့တဲ့ Redmi K50 Gaming ရဲ့ နာမည်ပြောင်းဖုန်းလို့ ဆိုနိုင်ပါတယ်။ Redmi K50 Gaming ထဲက Features တွေ Specs တွေကိုလည်း Poco F4 GT မှာ တွေ့ရမှာပါ။
ဒီဖုန်းဟာ နောက်ဆုံးပေါ် Flagship Processor ဖြစ်တဲ့ Snapdragon 8 Gen 1 Chispet နဲ့လာပြီး F3 GT ထက် ၁၇၀% ပိုကြီးတဲ့ Dual Vapor Chambers နှစ်လုံးတပ် အအေးပေးထားပါတယ်။ GPU ပိုင်းမှာ အရင်မျိုးဆက်ထက် စွမ်းဆောင်ရည် ၅၀% ပိုမြန်ဆန်တဲ့ Adreno 730 GPU နဲ့လာပါတယ်။ ၆.၆၇ လက်မ AMOLED Display ဟာ 10 bit panel (1 Billion Colors) ၊ 120Hz Refresh Rate နဲ့လာပြီး Display အရည်အသွေးမှာ DisplayMate ရဲ့ A+ တန်းဝင်ပါတယ်။
Display Touch Sampling Rate ကိုလည်း အရင်မျိုးဆက်မှာ 360Hz ရှိရာကနေ 480Hz ကို မြှင့်တင်ထားပြီး Shoulder Buttons ဂိမ်းခလုတ်တွေကိုလည်း ဘောင်မှာ ထည့်ပေးထားပါတယ်။ ဒီခလုတ်တွေက ဂိမ်းကစားရာမှာ Controller အဖြစ် သုံးနိုင်သလို ကင်မရာဖွင့်တာလိုမျိုး ပုံမှန်ရိုးရိုးအသုံးပြုချိန်မှာလည်း Shortcuts အဖြစ် အသုံးပြုနိုင်မှာပါ။ ဒီဖုန်းရဲ့ ထူးခြားချက်က 120W HyperCharge အားသွင်းစနစ်နဲ့ ပထမဆုံးလာတဲ့ အားသွင်းအမြန်ဆုံး Poco ဖုန်းပဲ ဖြစ်ပါတယ်။
4700 mAh ဘက်ထရီဟာ 120W Charging အစွမ်းကြောင့် ၁၇ မိနစ်နဲ့တင် အားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။ ဖုန်းဗူးထဲမှာ 120W Charger လေး ထည့်ပေးထားတာက စိတ်ချမ်းသာစရာကောင်းပါတယ်။ ဒီတင်မဟုတ်ဘဲ ဂိမ်းဆော့ရင်း အားသွင်းရာမှာ Heat အတက်နည်းစေဖို့ ဘက်ထရီ ၀% ကနေ ၁၀၀% ကို ၂၇ မိနစ်နဲ့ သွင်းတဲ့ mode လည်း ပါဝင်ပါတယ်။ ဂိမ်းကစားတုန်း အားသွင်းရာမှာ သက်တောင့်သက်သာ ကိုင်နိုင်အောင် ထောင့်ချိုး USB-C Cable လေးလည်း ထည့်ပေးထားပါတယ်။
Gaming ဖုန်းဖြစ်ပေမယ့် ကင်မရာစွမ်းဆောင်ရည်အတွက်လည်း 64MP Sony IMX686 Main Sensor ၊ 8MP Ultrawide Lens နဲ့ 2MP Macro ကင်မရာတွေ ထည့်ပေးထားလို့ အတော်လေးအဆင်ပြေမှာပါ။ ရှေ့ punch-hole ထဲမှာ ဆယ်လ်ဖီဆွဲဖို့နဲ့ ဗွီဒီယိုခေါ်ဆိုမှုတွေလုပ်ဖို့ Sony IMX596 20MP ကင်မရာ ပါရှိပါတယ်။ တခြား Features တွေ အနေနဲ့ ရှေ့ Display ကို ကာကွယ်ဖို့ အကြမ်းခံမှု အမြင့်ဆုံး Gorilla Glass Victus မှန် ၊ NFC ၊ စပီကာလေးလုံး ၊ WiFi 6E Support ၊ ဘေးဘောင်လက်ဗွေဖတ်စနစ် နဲ့ Android 12 အခြေခံ MIUI 13 တို့ ပါရှိပါတယ်။
RAM 8GB/128GB Storage မော်ဒယ်ကို ယူရို ၆၀၀ (မြန်မာငွေ ၁၂ သိန်းခန့်) ၊ 12/256GB မော်ဒယ်ကို ယူရို ၇၀၀ (မြန်မာငွေ ၁၄ သိန်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး Stealth Black, Knight Silver နဲ့ Cyber Yellow ဆိုပြီး အရောင်လေးမျိုးနဲ့ ဝယ်ယူနိုင်မှာပါ။