Singles' Day မတိုင်ခင် ဈေးလျှော့ရောင်းနေပါတယ်

ခေတ်မီဒီဇိုင်းအချိုးနဲ့ ဈေးနှုန်းသင့်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ Infinix ဖုန်းသစ် ထွက်လာပါတယ်။ 

ဟောင်ကောင်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်တဲ့ Infinix ကနေ ထုတ်လိုက်တဲ့ Infinix Note 11S ကို ထိုင်းဈေးကွက်မှာ ဖြန့်ချိလိုက်တာပါ။ ရှေ့ဘက် screen အပေါ် အလယ်တည့်တည့်မှာ punch-hole ကင်မရာပေါက် ပါရှိပြီး ကျောဘက်မှာ ထောင်လိုက်စတုဂံကင်မရာအိမ်နဲ့ သုံးလုံးတွဲကင်မရာသုံးထားပါတယ်။ ဖုန်းဘေးဘောင်ထဲမှာ လက်ဗွေဖတ်စနစ် ထည့်ထားပြီး ရှေ့ Screen ဟာ Note တွေရဲ့ ထုံးစံအတိုင်း အကြီးစား ၆.၉၅ လက်မ အရွယ်အစားနဲ့ လာပါတယ်။ 




Photo: GSMArena

Infinix Note 11S ဟာ LCD display အမျိုးအစား သုံးထားပြီး FHD+ ရုပ်ထွက် ပါရှိပါတယ်။ display ဟာ 120Hz Refresh Rate နဲ့ 180Hz touch Sampling Rate အမြင့်တွေနဲ့ ထွက်ထားတာ ဖြစ်ပါတယ်။ တခြား Infinix Note 11 series တွေအတိုင်း Note 11S ဟာ MediaTek Helio G96 SoC နဲ့လာပါတယ်။ Helio G96 SC နဲ့အတူ RAM 8GB ၊ 128GB storage တွဲသုံးထားပါတယ်။

ရှေ့ဘက် punch-hole ကင်မရာပေါက်မှာ 16MP selfie ကင်မရာ သုံးထားပြီး ကျောဘက်မှာ 50MP main sensor ၊ 2MP Macro lens နဲ့ 2MP depth sensor ဆိုပြီး ကင်မရာသုံးလုံး ပါရှိပါတယ်။ ဒီဖုန်းရဲ့ အားသာချက်တစ်ခုက အကြီးစား 5000mAh ဘက်ထရီနဲ့လာပြီး 33W fast-charging support ပေးထားပါတယ်။ အားသွင်းတာကို USB Type-C port နဲ့ သွင်းနိုင်သလို နားကြပ်တပ်ပြီး သီချင်းနားထောင်ချင်သူတွေအတွက် Headphone Jack လည်း ပါရှိပါတယ်။ 

Photo: GSMArena


တခြား Features တွေအနေနဲ့ 4G ၊ dual Nano-SIM ၊ microSD Slot နဲ့ Bluetooth 5.2 တို့ လည်း သုံးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 ကို အခြေခံထားတဲ့ Infinix ရဲ့ ကိုယ်ပိုင် XOS UI နဲ့ လာပါတယ်။ Infinix Note 11S ကို အပြာ ၊ အစိမ်း နဲ့ မီးခိုး သုံးရောင်နဲ့ ထွက်ထားပြီး ထိုင်း‌ဈေးကွက်မှာ ဘတ် ၇၀၀၀ (မြန်မာငွေ ၃ သိန်း ၈ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။

နိုဝင်ဘာ ၁၁ ရက် Singles' Day နေ့အထိ Lazada Thailand အွန်လိုင်းစတိုးမှာ ဘတ် ၆၁၀၀ (မြန်မာငွေ ၃ သိန်းခွဲ) ဈေးနဲ့ ဝယ်နိုင်မှာ ဖြစ်ပြီး ဘတ် ၄၀၀ (မြန်မာငွေ ၂ သောင်းကျော်တန်) Smart Band တစ်ခုလည်း လက်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က