အပေါ်အောက် စပီကာတွေ ပါရှိပါတယ်

ရုတ်တရပ်ကြည့်မယ်ဆို နောက်ဆုံးထွက် iPhone မော်ဒယ်လားလို့ အထင်မှားစရာပါ


တရုတ်ဈေးကွက်မှာ Cool 20 Pro လို့ ခေါ်တဲ့ တန်ဖိုးသင့်ဖုန်းမော်ဒယ်သစ်တစ်မျိုးကို ကြေညာလိုက်တာ ဖြစ်ပြီး ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်း နဲ့ Features တွေနဲ့ ဈေးကွက်ကို ဆွဲဆောင်လိုက်တာပါ။ Cool 20 Pro ဟာ iPhone 12 စီးရီးမှာ တကျော့ပြန်ပါလာတဲ့ Design Language ဖြစ်တဲ့ Flat Frame ထောင့်ဘောင်တွေနဲ့ လာပါတယ်။ ရှေ့ Display ကိုတော့ Dewdrop notch ဒီဇိုင်း သုံးထားပါတယ်။



Photo: GSMArena


မျက်နှာပြင် ၆.၅၈ လက်မ LCD display ဟာ FHD+ ရုပ်ထွက်နဲ့ 120Hz refresh rate တို့ ပါရှိပါတယ်။ ကျောဘက်မှာ matte glass panel သုံးထားပြီး အနက် ၊ အဖြူ ၊ အပြာ ၊ ရွှေနဲ့ Starry Sky ကာလာ ၅ မျိုးနဲ့ ထုတ်ထားပါတယ်။ ရှေ့ notch ထဲမှာ 8MP selfie ကင်မရာ သုံးထားပြီး ArcSoft က ထုတ်ပေးထားတဲ့ Imaging Algorithm အထောက်အပံ့ပေးထားပါတယ်။ 

ကျောဘက်ကင်မရာအိမ်ကလည်း နောက်ဆုံးပေါ် iPhone တွေနဲ့ ဆင်ပြီး စတုရန်းကင်မရာအိမ်ထဲမှာ 50MP main ကင်မရာ ၊ 8MP ultrawide နဲ့ 2MP macro lens တို့ ထည့်သွင်းထားပါတယ်။ 5G ကွန်ရက်ချိတ်ဆက်နိုင်မယ့် MediaTek Dimensity 900 SoC နဲ့ မောင်းနှင်ထားပြီး RAM/Storage ကို 6/128GB နဲ့ 8/128GB ဆိုပြီး နှစ်မျိုး ထုတ်ပေးထားပါတယ်။ Huawei က ထုတ်ထားတဲ့ EROFS file system ပါ COOLOS2.0 နဲ့လာပြီး Virtual RAM 5GB အထိလည်း ပံ့ပိုးထားပါတယ်။ 

ဘက်ထရီပါဝါ 4500mAh ဟာ 33W charging support ပေးထားပြီး အားသွင်းပေါက်ကို USB-C port သုံးထားပါတယ်။ ဖုန်းအောက်ဘောင်မှာ 3.5mm headphone jack နဲ့အတူ စပီကာတစ်လုံးလည်း ပါရှိမှာပါ။ Cool 20 Pro ဟာ Dirac စတီရီယိုသံ Support ပေးထားပြီး အပေါ်ဘက်မှာလည်း နောက်ထပ်စပီကာတစ်လုံး ထည့်သွင်းထားပါတယ်။ အနိမ့်ဆုံးဗားရှင်းကို ယွမ် ၁၈၀၀ (မြန်မာငွေ ၅ သိန်းဝန်းကျင်) ဈေး ၊ RAM 8GB/128GB ဗားရှင်းကို ယွမ် ၂၁၀၀ (မြန်မာငွေ ၆ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က