budget ဈေးနဲ့ gaming ဖုန်း ကြိုက်သူတွေအတွက် Poco X2 က စိတ်လှုပ်ရှားစရာ features တွေနဲ့ ပွဲထွက်လာပြီ ဖြစ်ပါတယ်။
Xiaomi ကနေ သီးသန့်ခွဲထွက်လာတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်သစ် Poco ရဲ့ ပထမဆုံး မော်ဒယ် Poco X2 ဟာ ၂၀၁၈ မှာ ထွက်ခဲ့တဲ့ Poco F1 ပြီးရင် Poco ရဲ့ ဒုတိယမြောက် စမတ်ဖုန်းပါ။ ပထမဖုန်းထွက်ပြီး တစ်နှစ်ခွဲခန့်အကြာမှာ ထွက်လာတဲ့ Poco X2 ဟာ Poco F1 ကို တိုက်ရိုက်ဆက်ခံတဲ့ မော်ဒယ်တော့ မဟုတ်ပါဘူး။
ပြောရရင် တရုတ်နိုင်ငံမှာ လက်တလော ထွက်ထားတဲ့ Redmi K30 ကို re-brand လုပ်ထားတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒီဇိုင်းပိုင်းကို ကြည့်ရင် Redmi K30 ကို ချက်ချင်းပြေးမြင်မိစေမယ့် ဒီဇိုင်းမျိုး ဖြစ်ပြီး ကျောဘက်မှာ circular shape ထဲ ထောင်လိုက် လေးလုံးတွဲကင်မရာသုံးထားပါတယ်။
Photo: Tech Spot
အလယ် frame ကို ပလတ်စတစ်နဲ့ လုပ်ထားပြီး ရှေ့နဲ့ နောက်ကတော့ Gorilla Glass 5 အုပ်ထားပါတယ်။ မျက်နှာပြင် ၆.၆၇ လက်မ 20:9 RealityFlow display နဲ့ လာပြီး စိတ်ဝင်စားစရာက 120Hz refresh rate ၊ HDR 10 support စနစ် ပါ။
display ရဲ့ အပေါ် ညာဘက်ထောင့်မှာ 20MP နဲ့ 2MP dual selfie စနစ် သုံးထားပါတယ်။ 120Hz display နဲ့အတူ အရည်အအေးပေးစနစ် သုံးထားလို့ ဂိမ်းအကြီးတွေ ကစားရတာ သဘောကျတဲ့ စမတ်ဖုန်းဂိမ်မာတွေအတွက် အကြိုက်ဖြစ်မှာပါ။
လက်ဗွေကို ဖုန်းညာဘက် ပါဝါခလုတ်မှာ side-mounted ထားပြီး 27W fast charging ပါ 4500mAh ဘက်ထရီ ပါရှိပါတယ်။ ဂရပ်ဖစ်ကောင်းတယ်လို့ နာမည်ကြီးတဲ့ Snapdragon 730G processor နဲ့အတူ memory ဗားရှင်းအတွဲ သုံးမျိုး ထွက်ထားပါတယ်။
Photo: Tech Radar
ကျောဘက်မှာ Sony IMX686 sensor သုံး 64MP ကင်မရာ ၊ 8MP ultra wide ကင်မရာ ၊ 2MP macro နဲ့ 2MP depth sensor ကင်မရာဆိုပြီး ၄ လုံးတွဲစနစ် ပါရှိသလို ကင်မရာ feature တွေအနေနဲ့ RAW image support စနစ် ၊ slo-mo ဗွီဒီယိုတွေကို 960FPS နဲ့ VLOG Mode စနစ်သစ်တွေ ပံ့ပိုးပေးထားပါတယ်။
Poco X2 ဟာ Atlantis Blue ၊ Matrix Purple နဲ့ Phoenix Red ကာလာ ၃ ရောင်နဲ့ လာပါတယ်။ အနိမ့်ဆုံးမော်ဒယ် RAM 6GB/64GB storage ကို ၂၂၅ ဒေါ်လာ ( မြန်မာငွေ ၃ သိန်း ၂ သောင်းခွဲ) ၊ RAM 6GB/128GB storage ကို ဒေါ်လာ ၂၄၀ (မြန်မာငွေ ၃ သိန်းခွဲ) နဲ့ RAM 8GB /256GB storage ကို ဒေါ်လာ ၂၈၀ (မြန်မာငွေ ၄ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။