ဈေးနှုန်း မကြေညာသေးပါဘူး

ဂျပန်စမတ်ဖုန်းကုမ္ပဏီ Sharp ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းကို မိတ်ဆက်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Aquos R5G မှာ notch နှစ်မျိုး သုံးထားတာ ထူးခြားပါတယ်။ အပေါ်မှာ selfie အတွက် waterdrop notch တစ်ခု ပါရှိပြီး အောက်ခြေမှာ fingerprint scanner အတွက် ဒုတိယမြောက် notch တစ်ခု သုံးထားပါတယ်။ display ဟာ IPS panel အမျိုးအစား ဖြစ်ပြီး စမတ်ဖုန်းလောကမှာ ခေတ်စားလာနေတဲ့ 120Hz refresh rate ပါရှိပါတယ်။




မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ QHD+ screen နဲ့ လာပြီး Dolby Vision နဲ့ U-NEXT HDR content များ ပံ့ပိုးပေးထားပါတယ်။။ အသံစနစ်အနေနဲ့ Dolby Atmos စတီရီယိုစပီကာတွေ သုံးထားပါတယ်။ ရေစိုဖုန်တင်တဲ့ ဒဏ်ကို အမြင့်ဆုံးခံနိုင်စွမ်းစံ ဖြစ်တဲ့ IP68 rating ရထားပြီး ဖုန်းကာလာတွေကတော့ အပြာ ၊ အဖြူနဲ့ ရောင်ပြေးကာလာစပ် Arua Glow ဆိုပြီး ထွက်ထားပါတယ်။

Aquos R5G ဟာ Adobe RGB support ပေးထားတဲ့ ဖုန်းဖြစ်ပြီး မြင်ကွင်းအလိုက် screen ကို အလိုအလျောက် ချိန်ညှိနိုင်တဲ့ Rich Color ဆိုတဲ့ ပုံရိပ်ထိန်းနည်းပညာတစ်ခု ပါရှိပါတယ်။ ၂၀၂၀ ထွက် flagship ဖုန်းဖြစ်တဲ့အတိုင်း Snapdragon 865 processor နဲ့ လာပြီး LPDDR5 RAM 12GB ၊ 256GB UFS 3.0 storage အတွဲအစပ် သုံးထားပါတယ်။


Photo: tnntoday

ကျောဘက်မှာ ToF module တစ်ခုနဲ့အတူ ထောင်လိုက် လေးလုံးတွဲကင်မရာတွေ ပါရှိပါတယ်။ လေးလုံးတွဲကင်မရာထဲမှာ OIS ရုပ်ငြိမ်စနစ်ထည့်ထားတဲ့ 12MP ကင်မရာ ၊ 48MP ultrawide snapper နဲ့ OIS ရုပ်ငြိမ်စနစ်သုံး 12MP tele lens များ ပါရှိပြီး ultrawide module ကနေ 8K video တွေ ဖမ်းယူနိုင်မယ်လို့ ဆိုပါတယ်။

ဆယ်လ်ဖီနဲ့ Video call အတွက် 16MP ရှေ့ကင်မရာ သုံးထားပြီး ဘက်ထရီပါဝါ 3730mAh နဲ့ လာပါတယ်။ Android 10 စနစ် သုံးထားပြီး ဈေးနှုန်းနဲ့ နိုင်ငံတကာ ဖြန့်မယ့်ရက် မကြေညာသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က