ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း နဲ့ Upper Mid-Range ခံစားမှု ပေးနိုင်တဲ့ Xiaomi 12 Lite ထွက်ရှိလာပြီ ဖြစ်ပါတယ်။
Xiaomi 12 Lite ဟာ Flat-Edged ဘောင်ပြားဒီဇိုင်းနဲ့လာတဲ့ မော်ဒယ်ဖြစ်ပြီး Xiaomi 12 စီးရီးရဲ့ ကင်မရာဖွဲ့စည်းတဲ့ ဒီဇိုင်းကို ယူသုံးထားတာပါ။ Screen Size ၆.၅၅ လက်မ AMOLED Display ဟာ HDR10+ နဲ့ Dolby Vision Support တို့လည်း ပါရှိပါတယ်။ Screen Refresh Rate 120Hz နဲ့ 240Hz Touch Sampling Rate အထောက်အပံ့ပေးထားတာကလည်း စိတ်ကျေနပ်စရာ Solution တစ်ခုလို့ ဆိုနိုင်ပါတယ်။
ဖုန်းမှန်အပေါ်အလယ်တည့်တည့် Punch Hole ပေါက်ထဲမှာ 32MP Samsun GD2 Sensor ထည့်သွင်းထားပြီး AutoFoucs စနစ်နဲ့ Selfie Portrait mode ၊ Xiaomi Selfie glow အပါအဝင် Software Features တွေ အများအပြားလည်း တပ်ဆင်ထားပါတယ်။ ကျောဘက်မှာ Samsung HM2 108MP Sensor နဲ့အတူ 8MP f/2.4 ultrawide lens နဲ့ 2MP Macro Sensor တို့ သုံးထားပါတယ်။
Processor ပိုင်းမှာ 6nm process ပေါ်မှာ တည်ဆောက်ထားတဲ့ Snapdragon 778G chipset နဲ့လာပြီး RAM 6GB/8GB ၊ Internal storage 128GB/256GB တို့ ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 4300mAh ဟာ 67W Fast Charging အားသွင်းစနစ် ပါဝင်ပြီး ဖုန်းဗူးထဲမှာပါ 67W Adapter ပါလာမှာ ဖြစ်ပါတယ်။ Xiaomi 12 Lite ဟာ Dual SIM Support ပါပြီး Dual 5G Standby ပံ့ပိုးမှု ပါရှိပါတယ်။
Software ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ MIUI 13 စနစ်နဲ့လာပြီး အနက်ရောင် ၊ ပန်းရောင် နဲ့ အစိမ်းရောင် ကာလာ ၃ မျိုးနဲ့ ထွက်ထားပါတယ်။ 6/128GB ဗားရှင်းကို ဒေါ်လာ ၄၀၀ (မြန်မာငွေ ၈ သိန်းနီးပါး) ကနေ အမြင့်ဆုံးမော်ဒယ် 8/256GB ဗားရှင်းကို ဒေါ်လာ ၅၀၀ (မြန်မာငွေ ၁၀ သိန်းနီးပါး) ဈေးနဲ့ ရောင်းချသွားမှာပါ။