ဈေးသင့်တဲ့ Meizu ရဲ့ High-End ဖုန်းသစ်

Snapdragon 870 SoC သုံးထားတဲ့ Meizu ရဲ့ ပထမဆုံး flaghip ဖုန်းကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

           Meizu 18x ဟာ တခြား စမတ်ဖုန်းသစ်တွေ ဖြစ်တဲ့ Meizu 18s ၊ Meizu 18s Pro တို့နဲ့အတူ မိတ်ဆက်လိုက်တဲ့ ဖုန်းသစ်တစ်လုံးပါ။ Meizu 18s နဲ့ 18s Pro တို့ကတော့ နှစ်ဆန်းပိုင်းက ထွက်ခဲ့တဲ့ Meizu 18/18 Pro တို့ရဲ့ Upgraded Versions တွေလည်း ဖြစ်ပါတယ်။ Meizu 18x ကတော့ အသစ်စက်စက် features တွေ specs တွေနဲ့ လာတဲ့ high-end တန်းဝင်ဖုန်းလို့ ဆိုနိုင်ပါတယ်။




Photo: Gizchina


           ဒီဖုန်းရဲ့ အဓိက Highlight features တွေထဲမှာ အမြင့်စား 120Hz refresh rate ပါ AMOLED display ၊ Snapdragon 870 SoC နဲ့ 64MP triple lens တို့ ပါရှိပါတယ်။ ကိုယ်ထည်ဘောင်တွေဟာ ဆွဲဆောင်မှုရှိတဲ့ လေးထောင့်စပ်စပ် flat-Edge ဒီဇိုင်းသုံးထားတာလည်း တွေ့ရပါတယ်။ Meizu 18x ဟာ ၆.၆၇ လက်မ OLED panel နဲ့လာပြီး screen အပေါ် အလယ်တည့်တည့်မှာ punch-hole ကင်မရာပေါက်နဲ့ လာပါတယ်။

           ဖုန်းကိုယ်ထည်အချိုး 20:9 aspect ratio သုံးထားပြီး FullHD+ resolution ၊ 120Hz refresh rate နဲ့ 360Hz touch sampling rate တို့လည်း ပါရှိပါတယ်။ အမြင့်ဆုံး တောက်ပမှုနှုန်း 700nit နဲ့လာပြီး ဖုန်းလက်ဗွေစနစ်ကို မှန်ပြင်အောက်ထည့်ပေးထားပါတယ်။ ရှေ့ကင်မရာ 13MP ၊ ကျောဘက် ထောက်လိုက်စတုဂံကင်မရာအိမ်အတွင်းမှာ Samsung GW3 sensor နဲ့လာတဲ့ 64MPmain sensor ၊ 8MP ultrawide lens နဲ့ 2MP depth sensor တို့ ပါရှိပါတယ်။

Photo: Gizmochina



           ဘက်ထရီပါဝါ 4300 mAh ဟာ 30W fast charging support ပေးထားပြီး အားသွင်းမှုနဲ့ သီချင်းနားထောင်မှုကို USB-C port ကနေ လုပ်ဆောင်နိုင်ပါတယ်။ တခြား features တွေအနေနဲ့ ပေးထားတာက dual SIM ၊ 5G ၊ Wi-Fi 6 ၊ Bluetooth 5.2 နဲ့ 1216 linear speaker တို့လည်း ပါရှိပါတယ်။ Meizu 18x ဟာ RAM 8GB/128GB ကနေ RAM 12GB/256GB အထိ ဗားရှင်း သုံးမျိုးနဲ့ ထွက်ထားပါတယ်။

           အရောင်အနေနဲ့ အနက် ၊ အဖြူနဲ့ အပြာရောင်ပြေး သုံးရောင်နဲ့ ထွက်ပြီး အနိမ့်ဆုံးမော်ဒယ်ကို ၂၅၉၉ ယွမ် (မြန်မာငွေ ၇ သိန်းခွဲနီးပါး) ဈေးကနေ အမြင့်ဆုံးမော်ဒယ် ၂၉၉၉ ယွမ် (မြန်မာငွေ ၈ သိန်းခွဲကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က