ဈေးသင့်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ 5G ဖုန်းသစ်တစ်မျိုးကို Honor က ကြေညာလိုက်ပါတယ်။
Honor Play စီးရီးကနေ အသစ်ထွက်လိုက်တဲ့ Honor Play 5 Youth ဟာ ကျောဘက် စတုရန်းပုံ ကင်မရာအိမ်နဲ့ ရှေ့ဘက်မှာ ဆေးတောင့်ပုံစံ Pill-shaped hole ဒီဇိုင်း သုံးလာပါတယ်။ ကျောဘက်ကင်မရာအိမ်ဒီဇိုင်းမှာ စက်ဝိုင်းပုံစံလေးခု ပါရှိပေမယ့် တကယ်တမ်း ကင်မရာ ၂ လုံးပဲ သုံးထားတာ ဖြစ်ပြီး တစ်ခုက LED flash မီးအတွက်နဲ့ ကျန်တစ်ခုက ဒီဇိုင်းအချိုးကျဖို့အတွက် ထည့်ပေးထားတာပါ။
Photo: GSMArena
Screen Size ၆.၆၇ လက်မ ဟာ FHD+ ရုပ်ထွက်ပြီး 120H refresh rate ပံ့ပိုးထားတယ်လို့ ဆိုပါတယ်။ screen အပေါ် ဘယ်ထောင့်က ဆေးတောင့်ပုံကင်မရာအိမ်ကလည်း 16MP Selfie ကင်မရာတစ်လုံးတည်းပဲ သုံးထားတာပါ။ ဖုန်းနဲ့ ဂိမ်းကစားသူတွေအတွက် ဂိမ်းကစားမှုအတွေ့အကြုံကို သွက်လက်မြန်ဆန်စေမယ့် GPU Turbo X ၊ ဘေးဘောင် လက်ဗွေစနစ် ၊ 3.5mm headphone jack နဲ့ 5G network ချိတ်ဆက်မှု ပါရှိပါတယ်။
Honor Play 5 Youth ဟာ Dimensity 900 SoC နဲ့ လာပြီး RAM 8GB onboard အပြင် virtual RAM ကို နောက်ထပ် 2GB အထိ ထပ်တိုးနိုင်အောင် support ပေးထားပါတယ်။ storage အနေနဲ့ 128GB ၊ 256GB ဆိုပြီး ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 4500mAh ဟာ 66W နှုန်းအထိ အားသွင်းနိုင်မယ်လို့ ဆိုပါတယ်။ အားသွင်းတာကိုတော့ USB-C port ကနေ အားသွင်းရမှာပါ။
အနက် ၊ အပြာ နှစ်ရောင်နဲ့လာပြီး 8/128GB ဗားရှင်းကို ယွမ် ၁၈၀၀ (မြန်မာငွေ ၅ သိန်း ၂ သောင်းကျော်) နဲ့ 8/256GB ဗားရှင်းကို ယွမ် ၂၀၀၀ (မြန်မာငွေ ၆ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။