Snapdragon 778G processor သုံး OPPO ရဲ့ တန်ဖိုးသင့် 5G ဖုန်း ထွက်လာပါတယ်။
တရုတ်ဈေးကွက်ထဲ ကြေညာလိုက်တဲ့ OPPO K9s ဟာ အရင် OPPO K9/K9 Pro ထက် Screen Size ပိုကြီးလာပြီး AMOLED အစား IPS LCD display နဲ့ လာတာပါ။ screen အရွယ်အစား ၆.၅၉ လက်မဟာ 120Hz refresh rate ၊ 240Hz touch sampling rate ၊ 1080p+ ရုပ်ထွက်နဲ့လာပြီး Panda Glass မှန် အုပ်ထားပါတယ်။ screen ရုပ်ထွက် တောက်ပမှု 600nits အထိ အမြင့်ဆုံးပါရှိပြီး ဖုန်းဘေးဘောင်မှာ လက်ဗွေဖတ်စနစ် fingerprint reader တပ်ဆင်ထားပါတယ်။
Photo: GSMArena
ရှေ့ screen ရဲ့ အပေါ်ဘယ်ထောင့်မှာ punch-hole ဆယ်လ်ဖီကင်မရာပေါက်ပါပြီး 16MP selfie ကင်မရာ သုံးထားပါတယ်။ ကျောဘက်ကင်မရာတွေအနေနဲ့ အပြောင်းအလဲ သိပ်မရှိတဲ့ 64MP main sensor ၊ 8MP ultra-wide sensor နဲ့ 2MP macro lens တို့နဲ့ ထွက်ထားပါတယ်။ main sensor ဟာ EIS ရုပ်ငြိမ်စနစ်ပါပြီး 4K Videos တွေကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။
အကြီးစား Screen နဲ့အတူ သုံးလာတဲ့ ဘက်ထရီပါဝါကလည်း 5000mAh ဘက်ထရီပါဝါဖြစ်ပြီး 30W fast-charging support နဲ့ လာပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ WiFi-6 ၊ Bluetooth 5.2 ၊ 5G ၊ Headphone jack နဲ့ Type-C port တို့ ပါဝင်ပါတယ်။ OPPO K9s ဟာ Snapdragon 778G processor သစ်သုံးလာပြီး RAM 8GB/128GB storage အထိ ပါရှိပါတယ်။ microSD slot ကနေ storage ပိုတိုးနိုင်သလို virtual RAM ကနေလည်း RAM 5GB အထိ တိုးနိုင်မှာပါ။ chipset ကို 0.15mm ဂရပ်ဖိုက်ပြားနဲ့ အအေးပေးထားတာကြောင့် ဖုန်းအပူတက်မှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
ဆော့ဖ်ဝဲလ်အနေနဲ့ Android 11 ကို အခြေခံထားတဲ့ ColorOS 11.2 နဲ့ ထွက်ထားပြီး ကာလာ ၃ ရောင်နဲ့ ဝယ်ယူနိုင်မှာပါ။ RAM 6/128GB ဗားရှင်းကို ယွမ် ၁၇၀၀ (မြန်မာငွေ ၅ သိန်းကျော်) ကနေ စတင်ရောင်းချသွားမှာပါ။