Gaming ဖုန်းတွေအတွက် တန်ဖိုးအနိမ့်အမြင့်အလိုက် ရွေးချယ်စရာ Black Shark မော်ဒယ်သစ်တွေ ထွက်လာပါတယ်။
Xiaomi ရဲ့ Gaming ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ Black Shark ကနေ Black Shark 5 ၊ Black Shark 5 RS နဲ့ Black Shark 5 Pro ဆိုပြီး မော်ဒယ် ၃ မျိုး ကြေညာခဲ့တာပါ။ ဒီမော်ဒယ် ၃ မျိုးက သုံးထားတဲ့ Processor ပိုင်းမှာလည်း အမျိုးအစားအလိုက် Snapdragon 8 Gen 1 ၊ Snapdragon 888+ နဲ့ Snapdragon 870 Chipset ဆိုပြီး ၃ မျိုးနဲ့ လာတာ ဖြစ်ပါတယ်။
အမြင့်ဆုံး မော်ဒယ် Black Shark 5 Pro ဟာ Snapdragon 8 Gen 1 SoC သုံးထားပြီး chip ကို အအေးပေးဖို့ (4,323 mm² + 997 mm²) အရွယ်အစား Vapor Chamber ခန်း နှစ်ခန်း ဘေးတစ်ဖက်တစ်ချက်မှာ ပါရှိပါတယ်။ RAM/storage အနေနဲ့ အမြင့်ဆုံး 16GB/512GB Storage အထိ ထွက်ထားပြီး မြန်ဆန်တဲ့ LPDDR5 RAM စနစ် ၊ DM Cache နည်းပညာလို့ ခေါ်တဲ့ NVMe SSD နဲ့ ပုံမှန် UFS 3.1 စနစ်အကြား ခွဲခြားထားတဲ့ သိုလှောင်မှုတွေကြောင့် Read/Writer စွမ်းဆောင်ရည် သိသိသာသာ ပိုကောင်းလာမှာပါ။
Black Shark 5 Pro
ဘက်ထရီစွမ်းဆောင်ရည်ပိုင်းမှာလည်း High Performance ဖြစ်တယ်လို့ ကြော်ငြာထားပါတယ်။ Black Shark 5 ဖုန်းသစ် ၃ မျိုးမှာ ၁၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ့် 120W Fast Charging နည်းပညာနဲ့ လာပြီး ဖုန်းအပူချိန် ထိန်းတဲ့ Temperature Control Mode ထည့်ထားလို့ ဘက်ထရီမထိအောင် အားသွင်းမှုကို ၂၄ မိနစ်နဲ့ လျှော့နိုင်မှာပါ။ ဘက်ထရီပါဝါ 4650mAh သုံးထားတဲ့ Black Shark 5 Pro ဟာ အားသွင်းရင်း ဂိမ်းဆော့ချိန်မှာ ဘက်ထရီမထိခိုက်အောင် bypass စနစ် ထည့်ပေးထားတယ်လို့ ဆိုပါတယ်။
Display Size အရွယ်အစားမှာ တခြားမော်ဒယ်နှစ်မျိုးလိုပဲ ၆.၆၇ လက်မ AMOLED Display ၊ HDR10+ နဲ့ DCI-P3 Color Gamut ၊ 144H Refresh Rate ၊ 720Hz Touch Sampling Rate အပြင် ပတ်ဝန်းကျင်ပေါ် လိုက်ပြီး ကာလာတောက်ပမှုကို အကောင်းဆုံး ချိန်ညှိနိုင်အောင် ရှေ့နဲ့ နောက်မှာ Ambient Light Sensor ၂ ခု တပ်ဆင်ထားပါတယ်။ Gaming Phone ဖြစ်တဲ့ အတိုင်း ဖုန်းဘေးဘောင်မှာ Magnetic Shoulder ခလုတ်တစ်ခု ပါရှိပြီး Gaming အဆင့် Switch ခလုတ်ငယ်တစ်ခုလို အသုံးပြုနိုင်မှာပါ။
စပီကာအနေနဲ့လည်း 1.5cc စပီကာနှစ်လုံးပါရှိပြီး DxOMark ရဲ့ အသံစနစ်မြင့်တဲ့ ဖုန်းတွေထဲမှာ ၈၆ မှတ်နဲ့ ထိပ်ဆုံးမှာ ရှိထားပါတယ်။ Haptic Feedback ခံစားမှု ပိုကောင်းဖို့ X-axis Linear မော်တာတစ်လုံးလည်း ပါရှိပြီး ဖုန်းလေးဘက်လေးတန်မှာ မိုက်ခရိုဖုန်း ၄ ခု ပါရှိတာကြောင့် အသံစနစ် ပြတ်သားကျယ်လောင်မှုအတွက် စိတ်ပူစရာ ရှိမှာ မဟုတ်ပါဘူး။ ကင်မရာပိုင်းအနေနဲ့လည်း ကျောဘက်စတုဂံပုံ ကင်မရာအိမ်ထဲမှာ 1/1.52" 108MP main Camera ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 13MP Ultra Wide ကင်မရာနဲ့ 5MP Telephoto Macro Lens ဆိုပြီး ကင်မရာ ၃ လုံး ပါရှိပါတယ်။
Black Shark 5 RS
Black Shark 5 Pro ကို ယွမ် ၄၂၀၀ (မြန်မာငွေ ၁၂ သိန်းခန့်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။ Black Shark 5 RS ကတော့ ကျောဘက်ကင်မရာ ဒီဇိုင်းပိုင်း သိသိသာသာ ကွဲပြားသွားပါတယ်။ အလျားလိုက်ကင်မရာပုံစံသုံးထားတဲ့ ဒီဖုန်းဟာ Snapdragon 888 SoC ဗားရှင်းနဲ့ Snapdragon 888+ SoC ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့လာပြီး Plus ဗားရှင်းမှာ 12/256GB ဗားရှင်း ထွက်ထားပါတယ်။ Pro မော်ဒယ်လိုပဲ SSD နဲ့ UFS ကြား Storage ခွဲခြားထားတဲ့ စနစ်ပါရှိသလို Chipset ကိုလည်း ဘေးတစ်ဖက်တစ်ချက်မှာ Vapor Chambers နှစ်ခန်းနဲ့ လာပါတယ်။
ဘက်ထရီပါဝါ 4500 mAh နဲ့လာပြီး 120W Charging သုံးတာချင်း တူသလို Screen Size ၊ Display အရည်အသွေး နဲ့ Refresh Rate အပြင် Magnetic Shoulder Button ပါတာချင်းလည်း အတူတူပါပဲ။ အသံပိုင်းမှာလည်း Hi-Res Audio နဲ့ DTS:X Ultra Support ပါ 1.5cc Dual Speaker တွေနဲ့ လာပြီး ထူးခြားတာက 3.5mm Headphone Jack သုံးလာတာပဲ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာပိုင်းမှာတော့ main Camera ကို 64MP Sensor အဖြစ် လျှော့သုံးတာကလွဲရင် ကျန်တဲ့ ကင်မရာ ၂ လုံးက အတူတူပဲ ဖြစ်ပါတယ်။ ဈေးနှုန်း ယွမ် ၃၃၀၀ (မြန်မာငွေ ၁၀ သိန်းခန့်) ဈေး ကနေ စတင် ရောင်းချသွားမှာပါ။
Black Shark 5
မော်ဒယ် ၃ မျိုးမှာ ဈေးအသက်သာဆုံးဖြစ်တဲ့ Black Shark 5 ကတော့ Snapdragon 870 SoC နဲ့ လာပြီး SSD မပါဘဲ LPDDR5 RAM (8/12GB) နဲ့ UFS 3.1 Storage (128/256GB) ဆိုပြီး ထွက်ထားပါတယ်။ Chipset ကို အပူထိန်းဖို့အတွက် အပေါ်က မော်ဒယ်နှစ်မျိုးလိုပဲ Vapor Chambers နှစ်ခု သုံးထားပါတယ်။ ဒီဇိုင်းပိုင်းမှာ Pro မော်ဒယ်နဲ့ ဆင်ပြီး Screen Size နဲ့ Refresh Rate ချင်း တူပါတယ်။ Touch Sampling Rate အနေနဲ့ 144Hz ပါရှိပြီး Magnetic Shoulder Button လည်း ထည့်ထားပါတယ်။
ကင်မရာပိုင်းမှာ RS မော်ဒယ်နဲ့ အတူတူပဲ ဖြစ်ပြီး Central Punch-Hole ထဲမှာ 16MP Selfie ကင်မရာ သုံးထားပါတယ်။ ဘက်ထရီပါဝါ နဲ့ စွမ်းဆောင်ရည်ပိုင်းမှာ Pro မော်ဒယ်နဲ့ ဆင်ပြီး ဈေးနှုန်း ယွမ် ၂၇၀၀ (မြန်မာငွေ ၇ သိန်းခွဲကျော်) ဈေးကနေ စတင် ရောင်းချသွားမယ်လို့ ဆိုပါတယ်။