ဒီတစ်ပတ် ထွက်မယ့် Upper Mid-Range ဖုန်းသစ်တွေ

ဒီတစ်ပတ်ထဲ တရုတ်မှာ မိတ်ဆက်မယ့် Xiaomi ရဲ့ Redmi Note စီးရီးဖုန်းသစ်တွေအကြောင်းကတော့ စိတ်ဝင်စားဖို့ကောင်းနေပြီ ဖြစ်ပါတယ်။

Redmi ဟာ အောက်တိုဘာ ၂၈ ရက် (ကြာသာပတေးနေ့) မှာ ကုမ္ပဏီရဲ့ Redmi Note 11 စီးရီး ဖုန်းသစ်တွေ ကြေညာသွားမှာ ဖြစ်ပြီး ဒီမိတ်ဆက်ပွဲမှာ Redmi Note 11 ၊ Note 11 Pro နဲ့ Note 11 Pro+ ဆိုပြီး မော်ဒယ်သုံးမျိုး ထွက်လာဖို့ ရှိပါတယ်။ Redmi Note 11 စီးရီးဟာ ကျောဘက်သုံးလုံးတွဲကင်မရာစနစ်နဲ့ လာဖို့ ရှိပြီး Pro နဲ့ Pro+ မော်ဒယ်တွေမှာ 108MP main sensor ကို သုံးလာဖို့ ရှိပါတယ်။ 




Photo: Beebom


အနိမ့်ဆုံးမော်ဒယ် Redmi Note 11 မှာ 50MP main sensor နဲ့အတူ 2MP dual ကင်မရာစနစ် ပါလာမယ်လို့လည်း သတင်းထွက်နေပါတယ်။ လောလောလတ်လတ် ကြားထားတဲ့ သတင်းတွေအရ Redmi Note 11 Pro ဟာ central punch-hole ကင်မရာ နဲ့ AMOLED panel ပါလာဖို့ရှိပြီး FHD+ resolution နဲ့ 120Hz refresh rate သုံးလာနိုင်ပါတယ်။ Dimensity 920 chipset နဲ့အတူ အမြင့်ဆုံး RAM 8GB အထိ ပါလာနိုင်ပြီး ဘက်ထရီပါဝါ 5000mAh ဟာ 67W fast charging ပံ့ပိုးလာနိုင်ပါတယ်။ 

ကင်မရာပိုင်းမှာ Redmi Note 11 Pro နဲ့ Note 11 Pro+ တို့က အတူတူ ဖြစ်ဖို့ ရှိပါတယ်။ ကျောဘက်ကင်မရာစနစ်အနေနဲ့ 108MP main sensor နဲ့အတူ 8MP ultrawide sensor နဲ့ 2MP depth sensor တို့ ပါဝင်ဖို့ ရှိပြီး ရှေ့ဘက်မှာ 16MP selfie ကင်မရာ သုံးလာနိုင်ပါတယ်။ Note 11 Pro+ မှာ သုံးမယ့် chipset ဟာ Dimensity 1200 SoC ဖြစ်ပြီး 120W fast charging နည်းပညာနဲ့ လာဖို့ ရှိပါတယ်။ 

တရားဝင် ဖုန်းသတင်းအချက်အလက်နဲ့ ဈေးနှုန်းတွေအကြောင်းကို ဒီတစ်ပတ် ကြာသာပတေးနေ့မှာ ကြားသိရမှာပါ။ 

Share

Loading Next Article...
က္က