ပရီမီယံတန်းဝင် Xiaomi ဖုန်းသစ်တွေပါ

Xiaomi ရဲ့ စိတ်လှုပ်ရှားစရာ Flagship ဖုန်းသစ်တွေ ထွက်လာပြီ ဖြစ်ပါတယ်။

Display Mate A+ rating ရ အကောင်းဆုံး Display သုံး Xiaomi 12 Pro ဟာ မျက်နှာပြင်ဆိုဒ် ၆.၇၃ လက်မရှိပြီး 2K display ဖြစ်တဲ့ 3200 x 1440p ရုပ်ထွက်နဲ့လာပါတယ်။ အမြင့်ဆုံး Brightness 1500nits ရှိထားပြီး LTPO 2.0 Panel ကြောင့် Display ဟာ Refresh Rate ကို 1Hz နဲ့ 120Hz အကြား ချက်ချင်းပြောင်းပေးနိုင်မှာပါ။ Display ဟာ ဘေးဘောင်နှစ်ဖက် ခုံးညွှတ်ထားပြီး အပေါ် အလယ်တည့်တည့်မှာ Punch-Hole ပေါက်နဲ့ လာပါတယ်။ 



Photo; droid


Display ပိုင်းမှာ HDR10+အပြင် Dolby Vision ထောက်ခံချက်လည်း ရထားတဲ့ ဖုန်းဖြစ်ပြီး နောက်ဆုံးပေါ် Snapdragon 8 Gen 1 SoC နဲ့လာပါတယ်။ RAM/Storage ကိုတော့ 12/256GB အထိ ထွက်ထားပါတယ်။ Xiaomi 12 လိုမျိုး 32MP selfie ကင်မရာ နဲ့လာပါတယ်။ ကျောဘက်မှာ 50MP Sony IMX707 Sensor ပင်မကင်မရာဟာ ၁/၁.၂၈ လက်မဆိုဒ်ရှိပြီး 2.44µm Pixels နဲ့ OIS ရုပ်ငြိမ်စနစ်တို့ ပါရှိပါတယ်။ 

ပင်မကင်မရာနဲ့အတူ 50MP Telephoto Lens နဲ့ 50MP Ultrawide Lens ဆိုပြီး ကင်မရာ ၃ လုံး သုံးထားပါတယ်။ ဘက်ထရီပါဝါ 4600 mAh ဟာ 120W Fast Charging ၊ 50W Wireless Charging နဲ့ 10W Reverse Wireless Charging အားသွင်းစနစ် ပံ့ပိုးထားပါတယ်။ ဖုန်းလုံခြုံရေးအနေနဲ့ မှန်ပြင်အောက် လက်ဗွေနည်းပညာ ပါရှိပြီး Harman Kadon ရဲ့ ရှေ့စပီကာ နှစ်လုံး ၊ NFC နဲ့ ပါဝါစီမံထိန်းညှိမှုပိုင်းအတွက် Xiaomi ရဲ့ ကိုယ်ပိုင် Surge P1 Charging Chip လည်း သုံးထားတယ်လို့ ဆိုပါတယ်။ 

Xiaomi 12 Pro ကို 8/128GB အတွက် ၄၆၉၉ ယွမ် (မြန်မာငွေ ၁၃ သိန်းကျော်) ၊ 8/256GB ကို ၄၉၉၉ ယွမ် (မြန်မာငွေ ၁၄ သိန်းကျော်) နဲ့ 12/256GB ကို ၅၃၉၉ ယွမ် (မြန်မာငွေ ၁၅ သိန်းကျော်)ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က