မြန်မာငွေ ၉ သိန်းအောက်ဈေးကနေ စတင်သွားမယ့် Flagship ဖုန်း

AMOLED QHD+ Display နဲ့ အားကောင်းတဲ့ Processor ပါ Redmi K50 Pro ထွက်လာပြီ ဖြစ်ပါတယ်။ 

Redmi K50 Gaming ထွက်ပြီး တစ်လလောက် အကြာမှာ Xiaomi က Redmi K50 နဲ့ K50 Pro တို့ကို မိတ်ဆက်လာတာပါ။ ဖုန်းနှစ်မျိုးစလုံးက ဒီဇိုင်းနဲ့ အဓိက Specs ချင်း တူပါတယ်။ Pro မော်ဒယ်ကတော့ နာမည်အတိုင်း ပိုကောင်းတဲ့ ကင်မရာ ၊ မြန်ဆန်တဲ့ အားသွင်းစနစ် နဲ့ ပို High-End ကျတဲ့ Chipset တွေနဲ့လာပြီး Built-in Storage လည်း 512GB အထိ ပါရှိပါတယ်။ 





Redmi K50 Pro ဟာ TSMC ရဲ့ 4nm process နဲ့ ထုတ်လုပ်ထားတဲ့ MediaTek Dimensity 9000 Chipset နဲ့လာပြီး ပြိုင်ဘက် Snapdragon 8 Gen 1 ထက် နည်းနည်းပဲ စွမ်းဆောင်ရည်လျော့မယ်လို့ ဆိုပါတယ်။ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဒီ Processor နဲ့အတူ Redmi K50 Pro ဟာ ၆.၆၇ လက်မ AMOLED QHD+ Display ဖြစ်တဲ့ 1440 x3200px ရုပ်ထွက်နဲ့လာပြီး 120Hz Refresh rate သုံးထားပါတယ်။ 


Display Panel ကို Gorilla Glass Victus မှန်အုပ်ထားပြီး ရှေ့ဘက်မှာ 20MP Sony IMX596 Sensor ထည့်သွင်းထားပါတယ်။ ကျောဘက်မှာ ထောင်လိုက်စတုဂံကင်မရာအိမ်နဲ့ အကြီးစားစက်ဝိုင်းပုံ Module ထဲမှာ OIS ပါ Samsung 1/1.52 inch sensor 108MP ကင်မရာ ၊ 8MP Ultrawide နဲ့ 2MP Macro Camera တို့ ပါဝင်လာပါတယ်။ Pro မဟုတ်တဲ့ ရိုးရိုးမော်ဒယ်မှာတော့ 108MP အစား 48MP ကင်မရာ သုံးထားတာပါ။ 


Redmi K50 Pro ဟာ ဘက်ထရီပါဝါ 5000 mAh ပါပြီး 120W Charging အမြန်အားသွင်းစနစ်နဲ့ လာတာ ဖြစ်လို့ ဖုန်းကို ၁၉ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ ဖုန်းအပူလွန်ကဲမျုကို လျှော့ချနိုင်ဖို့ ၇ လွှာ Vapor Chamber အအေးခံစနစ်ထည့်ပေးထားပါတယ်။ ဒီဖုန်းမှာ တခြား High-End တွေလို မှန်ပြင်အောက် လက်ဗွေစနစ်မျိုး မသုံးဘဲ ဘေးဘောင်လက်ဗွေစနစ်ပဲ သုံးထားပါတယ်။ 


အနက် ၊ အစိမ်း ၊ ငွေရောင်နဲ့ အပြာရောင်ဆိုပြီး ကာလာ ၄ ရောင်နဲ့ ထွက်ရာမှာ အနက်ရောင်ကာလာမှာ နာနို ခရစ္စတယ်လိုင်းနဲ့ ရေခဲမှုန်စတိုင် တလက်လက် တောက်ပတဲ့ ကျောဘက်ဒီဇိုင်းတစ်ခုလည်း ပါဝင်ပါတယ်။ တခြား Features တွေ အနေနဲ့ Bluetooth 5.3 ချိတ်ဆက်မှု ၊ NFC နဲ့ MIUI 13 စနစ်တို့ ပါရှိပါတယ်။ 8/128GB မော်ဒယ်ကို ယွမ် ၃၀၀၀ (မြန်မာငွေ ၈ သိန်းခွဲခန့်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က