Galaxy Unpack ပွဲမှာ မြင်ရမှာပါ

Samsung ရဲ့ ဒီဇိုင်းသစ်နဲ့ ဒုတိယမြောက် Foldable ဖုန်းကတော့ စိတ်ဝင်စားဖို့ ပိုကောင်းလာပြီ ဖြစ်ပါတယ်။

Galaxy Z Flip နာမည်နဲ့ မိတ်ဆက်လာမယ့် ဒီဖုန်းဟာ အရင် Galaxy Fold ရဲ့ ခေါက်သိမ်းမှု ပုံစံနဲ့ မဟုတ်တော့ပါဘူး။ အရင် ထွက်ထားတဲ့ Galaxy Fold ဟာ စာအုပ်တစ်အုပ်ကို ဖွင့်ကြည့်သလိုမျိုး ခေါက်လို့ သိမ်းလို့ရအောင် လုပ်ထားတာ ဖြစ်ပြီး Galaxy Z flip မှာတော့ ယောက်သွားခွံပုံစံ ပတ္တာဒီဇိုင်းသစ်ကို သုံးထားပါတယ်။


Photo: GSMArena


Motorola Razr ဖုန်းသစ်မှာလည်း clamshell ဒီဇိုင်း ခေါက်သိမ်းမှုစနစ် သုံးထားတာပါ။ Foldable ဖုန်းတွေထဲမှာ အဦးဆုံးဈေးကွက်ဝင်တဲ့ ဖုန်းလို့ ပြောရမယ့် Galaxy Fold မှာ Foldable screen နဲ့ ပတ်သက်ပြီး ပြဿနာတက်ခဲ့ပါတယ်။

ခေါက်သိမ်းချိန်မှာ screen တွန့်ခေါက်တာတွေ ကြုံခဲ့ပြီးနောက် ဈေးကွက်ထဲ ဖြန့်မယ့်ရက် နောက်ဆုတ်ခဲ့ရပါတယ်။ Galaxy Fold မှန်မှာ ဖြစ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ Galaxy Z Flip ဟာ Ultra Thing Glass (UTG) မှန်သစ်ကို သုံးမယ်လို့ ဆိုပါတယ်။

Galaxy Z Flip မှာ သုံးမယ့် UTG မှန်ဟာ Galaxy Fold ရဲ့ ပလတ်စတစ် screen ထက် ပိုပြီး အကြမ်းခံပြီး အပေါ်မှာ ပလတ်စတစ်အလွှာတစ်ခုနဲ့ ကာထားမှာပါ။ ဖုန်းသတင်းသမားတစ်ဦးဖြစ်တဲ့ မတ်ဝိန်းဘာ့ချ်ရဲ့ Tweet မှာတော့ Galaxy Z Flip ဟာ 20:9 aspect ratio ပါ Samsung UTG glass မှန်သုံးမယ်လို့ ဆိုပါတယ်။

မှန်ပြင်အရွယ်အစား ၆.၇ လက်မ ရှိပြီး Dynamic AMOLED panel နဲ့ မြင်ရမှာပါ။ ထူးခြားတာက အပြင်ကျောဘက်မှာ ၁ လက်မအရွယ် display ငယ်တစ်ခု သုံးထားတာ ဖြစ်ပါတယ်။ ဒီ screen ငယ်ဟာ ဘက်ထရီပါဝါအချက်အလက်နဲ့ တစ်ခြား noti တွေ ပြနိုင်တဲ့အပြင် ကျောဘက်ကင်မရာနဲ့ ဆယ်လ်ဖီဆွဲနိုင်တဲ့ viewfinder အဖြစ် လုပ်ဆောင်နိုင်မှာပါ။

Photo: XDA-Developers


Galaxy Z Flip မှာ နောက်ထပ် ထူးခြားတာက ကင်မရာပါ။ အရင် Galaxy Fold မှာတော့ စုစုပေါင်း ကင်မရာ ၆ လုံးအထိ သုံးခဲ့ပေမယ့် Galaxy Z Flip ကတော့ ကျောဘက်မှာ 12MP dual sensor နှစ်လုံးပဲ သုံးသွားမယ်လို့ ဆိုပါတယ်။

သတင်းတွေအရ ဒီဖုန်းဟာ 15W fast charging အားသွင်းစနစ် ပံ့ပိုးထားပြီး ရိုးရိုး ကြိုးမဲ့အားသွင်းစနစ်နဲ့ တစ်ခြားဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ စနစ်တွေ သုံးသွားဖို့ ရှိပါတယ်။ ဖုန်းကိုယ်ထည်ဘေးမှာ ဘေးဘောင်လက်ဗွေဖတ်စနစ် ပါလာဖို့ ရှိပါတယ်။

high-end ဖုန်းဖြစ်တဲ့အတိုင်း Snapdragon 855+ SoC နဲ့ လာဖို့ ရှိပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀၀ ဝန်းကျင် သတ်မှတ်သွားဖို့ ရှိပါတယ်။ Galaxy Z Flip ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကျင်းပမယ့် Galaxy Unpack ပွဲမှာ မိတ်ဆက်သွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က