မှန်ပြင်အောက်ကင်မရာပါဝင်တဲ့ပထမဆုံး Gaming ဖုန်း ထွက်လာပြီ ဖြစ်ပါတယ်။
Nubia ရဲ့ နာမည်ကြီး Red Magic စီးရီးကနေ အသစ်ထုတ်လိုက်တဲ့ Red Magic 7 နဲ့ Red Magic 7 Pro တို့ဟာ အဆင့်မြင့် Flagship Processor နဲ့ လာတဲ့ ဖုန်းတွေ ဖြစ်ပြီး Gaming Tasks အတွက် Red Core 1 chipset သစ်လည်း သုံးထားတဲဖုန်းတွေလည်း ဖြစ်ပါတယ်။ ပိုပြီ အဆင့်မြင့်လာတဲ့ ICE 8.0 Cooling System နဲ့လာပါတယ်။ အရင်လိုပဲ တစ်မိနစ်အပတ်ရေ ၂ သောင်းလည်တဲ့ ပန်ကာတစ်ခု ပါရှိတဲ့အပြင် Nubia က လေပိုအဝင်အထွက်ကောင်းအောင် Canyon Air Duct တစ်ခု ထည့်ပေးထားပါတယ်။
Photo: GSMArena
လေဝင်မှု Airflow ဟာ အရင်မျိုးဆက်ထက် ၃၅% ပိုကောင်းလာပြီး Chipset ကို အပူချိန် ၃ ဒီဂရီစင်တီဂရိတ်အထိပို လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ သတ္တု Canyon Air Duct ကတော့ ၂.၄ ဒီဂရီစင်တီဂရိတ်အထိ အပူကို လျှော့ချပေးနိုင်အောင် တာဝန်ယူပါတယ်။ Screen Size မှာ ၆,၈ လက်မ FHD+ AMOLED Panel နဲ့ချည်းလာပြီး Pro Display ကတော့ 10bit Support နဲ့ တောက်ပမှုမှာ 700nit အထိ ရှိပါတယ်။ ရိုးရိုးမော်ဒယ်ကတော့ 600nits ပါ။
Pro မော်ဒယ်ဟာ Touch Sampling Rate ကို 960Hz အထိ သွားပြီး Refresh Rate 120Hz ပါရှိပါတယ်။ ရိုးရိုးမော်ဒယ်ကတော့ 720Hz Touch Sampling Rate ရှိပေမယ့် Refresh Rate 165Hz အထိ ရှိပါတယ်။ ဖုန်းဘောင်ပေါ်က Shoulder Triggers ခလုတ်တွေကလည်း 500Hz အထိ ပိုကောင်းအောင် လုပ်ထားတဲ့အပြင် Red Core 1 Chip ကြောင့် အသံနဲ့ တုန်ခါမှုပိုင်း ၊ ဂိမ်း Lighting Effects ပိုင်းမှာ ပိုကောင်းလာပါတယ်။
Photo: kimovil
Red Magic 7 Pro ဟာ ဘက်ထရီပါဝါ 5000mAh အား ပါပြီး 135W Fast Charging နည်းပညာကြောင့် ၁၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။ ရိုးရိုးမော်ဒယ်မှာ 4500mAh ဘက်ထရီအားဟာ 120W Fast Charging သုံးထားပြီး ဖုန်းနှစ်မျိုးစလုံး 165W USB-C Chargers တွေနဲ့ ထွက်ထားတာက ချီးကျူးစရာပါ။ ဖုန်းနှစ်မျိုးစလုံးဟာ နောက်ဆုံးပေါ် Snapdragon 8 Gen 1 Chipset သုံးထားပြီး Android 12 အခြေခံ Red Magic 5.0 စနစ်နဲ့ လာပါတယ်။
အရောင်အနေနဲ့ Cyber Neon ၊ Night Knight နဲ့ Deuterium Transparent Edition ကာလာတွေနဲ့ လာပါတယ်။ Red Magic 7 (8/128GB) ဗားရှင်းကို ယွမ် ၄၀၀၀ (မြန်မာငွေ ၁၁ သိန်းခွဲနီး) ဈေးကနေ စတင်ရောင်းချသွားမှာ ဖြစ်ပြီး Pro မော်ဒယ် (12/128GB) ဗားရှင်းကို ယွမ် ၄၇၀၀ (မြန်မာငွေ ၁၃ သိန်းခွဲနီးပါး) ဈေးကနေ စတင်သွားမှာပါ။