ဒီနေ့ည ၇ နာရီမှာ ကစားရမှာပါ။

ဒီနေ့ည မြန်မာစံတော်ချိန် ည ၇ နာရီမှာ ကစားသွားမယ့် အိန္ဒိယနဲ့ Hero Tri Nation ဖိတ်ခေါ်ပြိုင်ပွဲမှာ အိမ်ရှင်ကို အနိုင်ရအောင်ကစားသွားမယ်လို့ မြန်မာနည်းပြက ပြောဆိုလိုက်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်သစ်အဖြစ် စတင်တာဝန်ယူထားတဲ့ မိုက်ကယ်ဖိုက်တန်ဘိုင်နာအတွက် ဒီပွဲက ပထမဆုံးပွဲလည်း ဖြစ်လာမှာပါ။ 

အင်ဖာမြို့မှာ ကစားသွားမယ့် ဒီပွဲနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာ သူက ပြောဆိုခဲ့တာပါ။ သူ့အတွက်တော့ လက်ရွေးစင်အသင်းကို ကိုင်တွယ်ချိန်က နည်းပါးသေးသလို ကစားသမားတွေနဲ့ စုစည်းလေ့ကျင့်ချိန်လည်း သိပ်မရှိသေးပေမယ့်လည်း မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ မြန်မာနည်းပြက အခိုင်အမာပြောဆိုခဲ့ပါတယ်။ 

Photo: MFF

"အိန္ဒိယနဲ့ပွဲက ကျနော့်အတွက်တော့ ပထမဆုံးပွဲပါ၊ ပြီးတော့ အသင်းကို စုဖွဲ့ထားတဲ့ တကြိမ်တည်းနဲ့ ကစားရမှာလည်းဖြစ်ပါတယ်၊ ကျနော့် ကစားသမားတွေကို ယုံကြည်ပါတယ်၊ သူတို့က တဦးချင်း၊ နေရာအလိုက်မှာ ထူးချွန်တဲ့သူတွေဖြစ်ပြီး ဘယ်လိုရလဒ်ထွက်ပေါ်မလဲဆိုတာကိုတော့ မပြောနိုင်ပါဘူး၊ ခက်ခက်ခဲခဲတော့ ကစားရမှာပါ၊ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး"

Photo: MFF

"ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က အရေးကြီးပြီး သူတို့အပေါ် ကျနော်ယုံကြည်ထားပါတယ်၊ တဦးချင်းစီကနေ အသင်းလိုက်စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ဖို့ ကျနော် မျှော်လင့်ထားပါတယ်" လို့ ဘိုင်နာက ဆိုပါတယ်။ ဒီပြိုင်ပွဲအတွက် မြန်မာအသင်းဟာ ပြည်ပထွက်ကစားနေတဲ့ ကစားသမားတွေ အားလုံးနီးပါးကို ပြန်လည်ခေါ်ယူထားတာဖြစ်ပါတယ်။ 

Photo: MFF

မြန်မာအသင်းဟာ ဒီပွဲပြီးရင် မတ်လ ၂၅ ရက်နေ့မှာ ကာဂျစ္စတန်အသင်းနဲ့ ထပ်မံကစားရမှာဖြစ်ပါတယ်။ မြန်မာအသင်းကတော့ အိန္ဒိယနဲ့ ၄ ကြိမ်ရင်ဆိုင်ဖူးပြီး တပွဲအနိုင်ရထားကာ နှစ်ပွဲရှုံး၊ တပွဲသရေရလဒ်ထွက်ထားပါတယ်။ မြန်မာကတော့ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ နိုင်ပွဲလုံး၀မရှိခဲ့ဘဲ ၄ ပွဲအထိ အရေးနိမ့်ထားပါတယ်။ 

Share

Loading Next Article...
က္က