Snapdragon 778G Processor နဲ့ လာပါတယ်။

Speed Edition ကို ကိုယ်စားပြုတဲ့ realme ရဲ့ SE ဗားရှင်းကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။ 

Realme 9 SE 5G ဟာ Snapdragon 778G SoC သုံးထားပြီး စွမ်းဆောင်ရည်မြင့်မားသလို သွက်လက်မြန်ဆန်မှုပိုင်းမှာ Realme 9 Pro ထက် ပိုသာတဲ့ ဖုန်းလို့ ဆိုပါတယ်။ Realme 9 Pro ဟာ Snapdragon 695 SoC နဲ့လာတာဖြစ်လို့ အသစ်ထွက်လာတဲ့ SE ဗားရှင်းက Pro မော်ဒယ်ထက်တောင် CPU ပိုင်းမှာ နည်းနည်းပိုမြန်ပြီး GPU စွမ်းဆောင်ရည်မှာ သိသိသာသာ ပိုသွက်တယ်လို့ ဆိုပါတယ်။ 





Display ပိုင်းမှာလည်း ပိုပြီး သွက်လက်တဲ့ 144Hz Display နဲ့ လာပါတယ်။ ၆.၆ လက်မ Display သုံး ဒီဖုန်းဟာ Refresh Rate ၆ မျိုးကို ပြောင်းနိုင်တယ်လို့ ဆိုပါတယ်။ Low End အတွက် 30Hz နဲ့ High End အတွက်တော့ 144Hz သုံးထားပါတယ်။ ဂိမ်းကစားရာမှာ တုံ့ပြန်မှုသွက်လက်ဖို့ 240Hz Touch Sampling ပါရှိပြီး FHD+ Display ၊ အမြင့်ဆုံးတောက်ပမှု 600nits အထိ ရှိပါတယ်။

ဘက်ထရီပိုင်းမှာလည်း 30W Charging နဲ့ အကြီးစား 5000 mAh ဘက်ထရီပါဝါသုံးပေးထားပါတယ်။ စွမ်းအင်ထိရောက်မှုရှိတဲ့ Chipset နဲ့ အကြီးစား ဘက်ထရီတွေပါတာကြောင့် Realme 9 SE 5G ဟာ ၁၉ နာရီခွဲအထိ ဆက်တိုက် Video ကြည့်လို့ ရနိုင်မယ်လို့ ဆိုပါတယ်။ Snapdragon 778G SoC နဲ့အတူ AI စွမ်းဆောင်ရည်ကို 12TOPS ( 1TOPS တစ်စက္ကန့်မှာ AI အော်ပရေးရှင်း ၁ ထရီလီယံ လုပ်ဆောင်နိုင်မှု) အထိ မြှင့်တင်နိုင်မယ့် Qualcomm AI Engine ၊ ဂိမ်းကစားချိန် အကူးအပြောင်းကြာချိန်ကို လျှော့ချနိုင်မယ့် Snapdragon Elite Gaming တို့လည်း ပါဝင်ပါတယ်။

ရှေ့ဘက် ဘယ်အပေါ်ထောင် ကင်မရာပေါက်ထဲမှာ 16MP Selfie ကင်မရာပါရှိပြီး ကျောဘက်မှာ 48MP Main Sensor ၊ 20MP Depth-Sensing Lens နဲ့ 2MP Macro Lens တို့ သုံးထားပါတယ်။ အရောင်အနေနဲ့ Starry Glow နဲ့ Azure Glow နှစ်ရောင်နဲ့ လာပြီး RAM 6GB/128GB ဗားရှင်းကို ရူပီး ၁၉၉၉၉ (မြန်မာငွေ ၄ သိန်း ၆ သောင်းကျော်) ၊ RAM 8GB/128GB ဗားရှင်းကို ၂၂၉၉၉ ရူပီး (မြန်မာငွေ ၅ သိန်းခွဲနီးပါး) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က