Xiaomi ရဲ့ အောင်မြင်ကျော်ကြားလှတဲ့ Redmi Note စီးရီးအတွက် မော်ဒယ်သစ်တွေ ထပ်ထွက်လာပြီ ဖြစ်ပါတယ်။
ဒီတစ်ခေါ် မိတ်ဆက်လိုက်တဲ့ Redmi Note စီးရီးသစ်တွေထဲမှာ Redmi Note 11T Pro နဲ့ Pro+ အပြင် ဈေးသက်သာတဲ့ မြန်မာငွေ ၃ သိန်းကျော်တန် Redmi Note 11 SE မော်ဒယ်လည်း ပါဝင်လာပါတယ်။ Redmi Note 11T Pro နဲ့ Pro+ ကတော့ ဒီဇိုင်းချင်းဆင်သလို အဓိက Core Specs တွေလည်း အတူတူပါပဲ။ ၆.၆ လက်မ FHD+ IPS LCD Display နဲ့လာပြီး Screen Refresh Rate ကို 144Hz Rate သုံးလာတာလည်း တူပါတယ်။ ဘက်ထရီပါဝါ ချွေတာဖို့ 144Hz ကနေ 30Hz အထိ လျှော့ချပေးနိုင်ပါတယ်။
ဒီဇိုင်းတည်ဆောက်ပုံအနေနဲ့ Xiaomi 12 စီးရီးကိုမှ Redmi Note 11 Series မှာ သုံးတဲ့ Square Edge လေးထောင်စပ်ဘောင်နဲ့ လာတာပါ။ Pro နဲ့ Pro+ နှစ်မျိုးစလုံး MediaTek Dimensity 8100 Chispet နဲ့ ရှေ့မှန်အလယ်အပေါ် Punch Hole ပေါက်မှာ 16MP Selfie ကင်မရာ ၊ ကျောဘက် 64MP Main Sensor တို့ သုံးထားတာချင်းလည်း အတူတူပါပဲ။ ကျောဘက် ထောင်လိုက်စတုဂံပုံစံ ကင်မရာအိမ်ထဲမှာ 64MP Samsung ISOCELL GW1 Sensor နဲ့အတူ 8MP Ultrawide နဲ့ 2MP Macro Lens တို့ သုံးပေးထားပါတယ်။
ဖုန်းနှစ်မျိုးစလုံး RAM/Storage အနေနဲ့ 8GB LPDDR5 နဲ့ 512GB UFS3.1 Storage အထိ ထွက်ထားပြီး ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 ပေါ် MIUI 13 အုပ်ပေးထားတာ ဖြစ်ပါတယ်။ Redmi Note 11T Pro နဲ့ Pro+ အကြား အဓိကခြားနားချက်ကတော့ ဘက်ထရီနဲ့ Charging Speed ပါပဲ။ Redmi Note 11T Pro ဟာ 5080 Dual-Cell အကြီးစားဘက်ထရီကိုမှ 67W Charging နဲ့ တွဲသုံးထားပြီး Pro+ မော်ဒယ်မှာ 4400mAh ဘက်ထရီကို ဒီနေ့အမြင့်ဆုံးအားသွင်းစံတစ်ခုဖြစ်တဲ့ 120W Charging နဲ့ လာပါတယ်။
Pro+ အတွက် အားလုံးဝပြတ်နေတဲ့ အနေအထားကနေ ၁၀၀% အားပြည့်ဖို့ဆို ၁၉ မိနစ်ပဲ ကြာမယ်လို့ Xiaomi က ကတိပြုထားပါတယ်။ ဘက်ထရီအားသွင်းစနစ် စိတ်ချရဖို့အတွက် Xiaomi Surge P1 Chip နဲ့ ထည့်ပြီး စောင့်ကြည့်ပေးထားတယ်လို့လည်း ဆိုပါတယ်။ ဖုန်းနှစ်မျိုးစလုံး IP53 Rating ရေစို/ဖုန်တင်ခံနှုန်းပါပြီး ဘေးဘောင်လက်ဗွေစနစ်တွေနဲ့ လာတာပါ။
အရောင်အနေနဲ့ Atomic Silver ၊ Time Blue နဲ့ Midnight Black ကာလာ ၃ ရောင် ထွက်ထားပြီး သုံးရောင်စလုံးက အမြင်ထူးခြားသလို ဆွဲဆောင်မှုလည်း မြင့်တယ်လို့ ဆိုနိုင်ပါတယ်။ Limited Edition အနေနဲ့ Redmi Note 11T Pro+ ကျောဘက်ဖုန်းကာဗာမှာ မန်ဂါအရုပ်လေး ထွင်းထားတဲ့ AAstro Boy Edition လည်း ထွက်ထားပါတယ်။
ဈေးနှုန်းအနေနဲ့ Redmi Note 11T Pro (6/128GB) ဗားရှင်းကို ယွမ် ၁၈၀၀ (မြန်မာငွေ ၅ သိန်းကျော်) နဲ့ 8/256GB ဗားရှင်းကို ယွမ် ၂၂၀၀ (မြန်မာငွေ အနည်းဆုံး ၆ သိန်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ Pro+ ဗားရှင်းရဲ့ အနိမ့်ဆုံးမော်ဒယ် RAM 8/256GB ဗားရှင်းကို ယွမ် ၂၁၀၀ (မြန်မာငွေ ၆ သိန်းနီးပါး) ကနေ အမြင့်ဆုံး မော်ဒယ် 8/512GB ဗားရှင်းကို ယွမ် ၂၅၀၀ (မြန်မာငွေ ၇ သိန်းကျော်) ဆေး သတ်မှတ်ထားပါတယ်။
Astro Boy Edition (8/512GB) ကို ယွမ် ၂၅၀၀ နဲ့ပဲ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဒီထက် ဈေးသက်သာတဲ့ မော်ဒယ်လိုချင်ရင်တော့ ၆.၅ လက်မ 90Hz FHD+ Display သုံး Redmi Note 11SE ကို 4/128GB မော်ဒယ်အတွက် ယွမ် ၁၁၀၀ (မြန်မာငွေ ၃ သိန်းကျော်) ဈေးနဲ့ ဝယ်ယူနိုင်မှာပါ။ Shadow Black နဲ့ Space Blue နှစ်ရောင်နဲ့လာပြီး ကျောဘက် ကင်မရာအိမ်မှာ 48MP+2MP Depth Sensor သုံးထားပြီး ရှေ့ဘက်မှာ 8MP Selfie နဲ့လာပါတယ်။ Processor ကတော့ Dimensity 700 SoC ဖြစ်ပြီး 18W Charging သုံး 5000mAh ဘက်ထရီနဲ့ ထွက်ထားတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။