Flagship အဆင့် Specs တွေ ပါတဲ့ Upper Mid-Range ဖုန်း Motorola Edge 30 ကို ဥရောပဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။
Edge 30 ဟာ ယူရို ၈၀၀ တန် Edge 30 Pro ထက် တစ်ဝက်နီးပါး ဈေးသက်သာပြီး အမိုက်စား Display ၊ အရည်အသွေးမြင့် စတီရီယိုစပီကာတွေ နဲ့ 50MP ကင်မရာနှစ်လုံးပါ ဖုန်းအဖြစ် ထွက်လာတာပါ။ Motorola Edge 50 ကို ဥရောပဈေးကွက်မှာ ကြေညာလိုက်တာ ဖြစ်ပြီး မကြာခင်မှာ အာရှ ၊ ဩစတြေးလျ ၊ အိန္ဒိယ ၊ လက်တင်အမေရိက နဲ့ အရှေ့အလယ်ပိုင်းဈေးကွက်တွေမှာ ဖြန့်ချိဖို့ စီစဉ်နေပါတယ်။
မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ FHD+ AMOLED Display သုံးထားပြီး ၆.၇ လက်မ Pro မော်ဒယ်ထက် အရွယ်အစား နည်းနည်းပိုသေးပါတယ်။ ဒါပေမယ့်လည်း Pro မော်ဒယ်လိုမျိုး ရုပ်ထွက်ပိုင်းမှာ HDR10+ နဲ့ 144Hz Refresh Rate ပါ 10-bit Panel နဲ့ လာပါတယ်။ Dolby Atmos နည်းပညာသုံး စတီရီယိုစပီကာတွေနဲ့လာပြီး Flagship မဟုတ်ပေမယ့် အတော်ကြီး Performance မြင့်တဲ့ Snapdragon 778G+ Chipset သုံးထားပါတယ်။ RAM 8GB နဲ့အတူ 128GB/256GB Storage Options တွေ ထွက်ထားပါတယ်။
ရှေ့ဘက် Punch-Hole ထဲမှာ 32MP Selfie ကင်မရာ နဲ့လာပြီး ကျောဘက် ထောင်လိုက်စတုဂံပုံကင်မရာအိမ်ထဲမှာ OIS နဲ့ All-Pixel Autofocus စနစ်သုံး 50MP Wide နဲ့ 50MP Ultrawide Sensor နှစ်ခုအပြင် 2MP Depth Sensor ပါ တပ်ဆင်ထားပါတယ်။ ကျောဘက် Main ကင်မရာနဲ့ Ultrawide ကင်မရာတွေဟာ Video Recording ပိုင်းမှာ 4K / 30 fps ရုပ်ထွက် ၊ 1080p 60fps နှုန်းနဲ့ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။
ဘက်ထရီပါဝါပိုင်းမှာ Edge 30 ဟာ 4020 mAh အားနဲ့လာပြီး 33W TurboPower Charger လည်း ဗူးထဲမှာ ထည့်ပေးထားပါတယ်။ Dual SIM Slot ပါပြီး 5G ကွန်ရက်ချိတ်ဆက်မှု သုံးနိုင်ပါတယ်။ ၆.၇၉ မီလီမီတာ ရှိပြီး 5G ဖုန်းတွေထဲမှာ အပါးလွှာဆုံးလို့ ကုမ္ပဏီက ကြေညာထားပါတယ်။ တခြား Features တွေအနေနဲ့ WiFi 6E ၊ Bluetooth 5.2 နဲ့ NFC တို့ ပါပြီး ဥရောပဈေးကွက်မှာ ယူရို ၄၅၀ (ကျပ် ၉ သိန်းဝန်းကျင်) ဈေးနဲ့ ဝင်ရောက်ဖို့ ရှိပါတယ်။