ကလေးသာသာ ကောင်လေးရဲ့ စွမ်းဆောင်ရည်က အံ့အားသင့်ဖွယ်ရာပါပဲ။

ညက ဗီလာရီးရဲလ်-ဘာကာပွဲက အကြိတ်အနယ်ပါပဲ။ ဘာစီလိုနာတို့ ၂ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပြီးမှ ချေပဂိုးတွေပြန်ပေးခဲ့ရသလို ဦးဆောင်ဂိုးကိုပါ ခွင့်ပြုလိုက်ရလို့ ၃-၂ နဲ့ ပြန်အရေးနိမ့်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဘာကာက ၂ဂိုးပြန်သွင်းနိုင်ခဲ့လို့ ၃-၄ နဲ့ အနိုင်ရပြီး တော်တော်လေးအကြိတ်အနယ်ရှိခဲ့တဲ့ပွဲပါ။ 

ဒီပွဲမှာ ဘာကာလူငယ်ကြယ်ပွင့် လာမိုင်းယာမယ်လ်က ဂါဗီအတွက် ဖန်တီးမှုတကြိမ် လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီကောင်လေးက အသက် ၁၆ နှစ်ပဲရှိပါသေးတယ်။ အခု သူက ၂၁ ရာစုအတွင်း လာလီဂါမှာ ဂိုးဖန်တီးမှုလုပ်နိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါပြီ။ 

သူ့ကို လူစားလဲချိန်မှာတော့ ဗီလာရီးရဲလ်ပရိသတ်တွေတောင်မှ လက်ခုပ်တီးအားပေးခဲ့ကြပြီး သူ့ စွမ်းဆာင်ရည်ကို အသိအမှတ်ပြုခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း သူ ရရှိခဲ့ပြီး ဘာကာအကယ်ဒမီထွက် ကောင်လေးကတော့​ တောက်ပစပြုလာနေပါပြီ။ 

တကယ်ဆို သူ့အသက်အရွယ်က ကလေးသာသာပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဘာစီလိုနာလို ကမ္ဘာ့အကောင်းဆုံးတွေထဲက တသင်းမှာ ကစားခွင့်ရနေပြီး အခုလို ခြေစွမ်းမျိုးပါ ပြသ၊ ပြိုင်ဘက်ပရိသတ်ဆီက လက်ခုပ်တီးတာကိုပါ ရယူနိုင်ခဲ့တာကတော့ ချီးကျူးရမှာပါ။ သူနဲ့ ထိုက်တန်တဲ့ ဂုဏ်ပြုမှုကို ယာမယ်လ်က ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က