ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ အလာဗက်စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာတို့ အနိုင်ရဖို့ နောက်ကလိုက်ကစားခဲ့ရတာပါ။
ပွဲအစကတည်းက အလာဗက်စ်တို့ ဦးဆောင်ဂိုးရခဲ့ပြီး လီဝန်ဒေါစကီးရဲ့ သွင်းဂိုးနှစ်ဂိုးကြောင့်သာ ဘာစီလိုနာတို့ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲရဲ့ ပွဲချိန်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုကြောင့် ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးအပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။
(၁၆) နှစ်သား ရာမဲလ်ဟာ လီဝန်ဒေါစကီးထံ လက်ကမ်းပေးခဲ့ပေမယ့် ပိုလန်သားကြီးကတော့ ဒါကို မသိကျိုးကျွံပြုခဲ့တာပါ။ ဒီလုပ်ရပ်ကြောင့် ရာမဲလ်ကိုယ်တိုင်လည်း စိတ်ပျက်အံ့အားသင့်ခဲ့ရပြီး လီဝန်ဒေါစကီးကို ပရိသတ်တွေကလည်း ဝေဖန်နေကြတာပါ။
ဒါပေမယ့် လီဝန်ဒေါစကီးကတော့ “ဒါက မထင်မှတ်တဲ့ တိုက်ဆိုင်မှုတစ်ခုပါ။ ကွင်းထဲမှာဆိုရင် ကစားသမားနှစ်ယောက် အပြန်အလှန်အော်ဟစ်တာ ဒါမျိုးဖြစ်တာတွေက ပုံမှန်အနေအထားပါပဲ။ ကျွန်တော်နဲ့ ရာမဲလ်တို့အကြားမှာ မကောင်းတဲ့ ရည်ရွယ်ချက် ဘာတစ်ခုမှ မရှိပါဘူး”
“အရာအားလုံးက အဆင်ပြေနေပြီး ဒီအဖြစ်အပျက်မှာ ဘာမှဖုံးကွယ်ထားစရာ မရှိပါဘူး။ ဒီလိုအကြောင်းမျိုးက အခုလိုမျိုး မှတ်ချက်ပေးနေစရာကို မလိုတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ အဆိုပွဲမတိုင်ခင်က ကာလရှည်ဂိုးပေါက်ပျောက်ခဲ့ပြီး အခုချိန်မှသာ ဂိုးပေါက် ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။