လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံခဲ့ပြီးနောက် စိတ်ပိုင်းဖြတ်ထားတဲ့ ထုတ်ပြန်ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အစပိုင်း မဲခွဲမှုမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကျရောက်နေခဲ့တာကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကြား ပြင်းထန်တဲ့ပွဲစဉ်ဖြစ်လာတော့မယ်လို့ အားလုံးက ရင်ခုန်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ် မဲခွဲမှုဟာ အမှားအယွင်းများစွာ ဖြစ်ပွားခဲ့တာကြောင့် နောက်ထပ်တစ်ကြိမ် မဲပြန်လည်ခွဲခဲ့ရာမှာ ပီအက်စ်ဂျီအသင်းက မက်ဆီရဲ့ ရန်သူတော်ဟောင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားကြယ်ပွင့်က ယခုရာသီ ပီအက်စ်ဂျီအသင်းရဲ့ ချန်ပီယံလိဂ် ရည်မှန်းချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ပြိုင်ဘက်အသင်းတွေက ဘယ်အသင်းပဲဖြစ်ဖြစ် အရေးမပါဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘယ်လွန်ဒေါ ၇ ဆုရှင်က ပဲရစ်ကို ပြောင်းရွှေ့ခဲ့ရတာက ကြီးမားတဲ့ အပြောင်းအလဲတစ်ခုဖြစ်ပေမယ့်လည်း ၎င်းနဲ့ ၎င်းမိသားစုဟာ ပြင်သစ်မှာ ရှိနေတာကို ပျော်ရွှင်နေကြတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
"ပီအက်စ်ဂျီရဲ့ ဦးတည်ချက်က ချန်ပီယံလိဂ်ပါ။ အဲဒါက အားလုံးရဲ့ ဦးတည်ချက်လည်း ဖြစ်ပါတယ်။ အဲဒါက အရမ်းကောင်းတဲ့အသင်းတွေအားလုံးအတွက် ထူးခြားတဲ့ ပြိုင်ပွဲပါ။ ဘာစီလိုနာကနေ ပြောင်းခဲ့ရတာက အရမ်းကို ကြီးမားတဲ့ အပြောင်းအလဲပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တူညီတဲ့နေရာတစ်ခုမှာ အချိန်အကြာကြီး နေခဲ့ရလို့ပါ။ အဲဒါက မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ထူးခြားတဲ့မြို့နဲ့ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲကတစ်သင်းမှာနေရတာ အရမ်းအဆင်ပြေနေပါတယ်။ ကျွန်တော်တို့ အရမ်းပျော်ရွှင်နေပါတယ်"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။