Honor ရဲ့ ‌အလတ်တန်းစားဈေးနဲ့ စိတ်လှုပ်ရှားဖွယ်ရာ စမတ်ဖုန်းသစ်တွေ

ကွေးညွှတ် OLED Panels ၊ flagship Qualcomm Chip နဲ့ 160MP ကင်မရာသုံးထားတဲ့ Honor 80 နဲ့ 80 Pro တို့ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်သွားပါတယ်။ 

Honor 80 နဲ့ Honor 80 Pro တို့ဟာ ဒီဇိုင်းချင်း ခပ်ဆင်ဆင်တူပြီး မှန်ပြင်အပေါ်အလယ်တည့်တည့် Punch-Hole ပေါက်ဒီဇိုင်းနဲ့ iPhone 14 Pro စတိုင် ဆေးတောင့်ပုံ ကင်မရာပေါက်နဲ့ လာပါတယ်။ Honor 80 Pro ဟာ ဘေးဘောင်ကွေး ၆.၇၈ လက်မ OLED Panel နဲ့ လာပြီး 2700 x 1224px ရုပ်ထွက်နဲ့ 120Hz Refresh Rate တို့ ပါရှိပါတယ်။ ear speaker အောက် ဆေးတောင့်ပုံကင်မရာပေါက်ထဲမှာ 50MP နဲ့ 2MP Depth Sensor ဆိုပြီး ကင်မရာနှစ်လုံး ထည့်သုံးထားပါတယ်။ 





Photo: Tekno Tempo

Honor 80 ရိုးရိုးမော်ဒယ်မှာ နည်းနည်းပိုဆိုဒ်သေးတဲ့ ၆.၆၇ လက်မ OLED Panel FHD+ ရုပ်ထွက်နဲ့ လာပြီး 120Hz Refresh Rate သုံးထားပါတယ်။ ရှေ့ Punch-Hole ကင်မရာပေါက်ထဲမှာ 32MP Selfie ကင်မရာ ပါရှိပြီး Processor ကို‌တော့ အသစ်ထွက်ထားတဲ့ Snapdragon 782G Chipset ကို သုံးထားတာပါ။ Pro မော်ဒယ်ကိုတော့ Qualcomm Snapdragon 8+ Gen 1 Chipset နဲ့ လာပါတယ်။

ကင်မရာပိုင်းမှာ Honor 80 နဲ့ Honor 80 Pro တို့ဟာ 160MP Main Camera ကိုယ်စီ ပါရှိပါတယ်။ ဒီကင်မရာဟာ f/1.8 aperture နဲ့ လာပြီး 0.75µm pixels နဲ့ 16-in-1 binning လုပ်နိုင်မယ့် 1/1.56” Imaging sensor ဖြစ်ပြီး မြင်ကွင်းပုံစံအကောင်းဆုံးဖြစ်ဖို့ အသားအရေ texture သိနိုင်စနစ်နဲ့ အဆင့်မြှင့် AI RAW Algorithms တွေပါတဲ့ Image Engine သစ်လည်း ပါဝင်ပါတယ်။ ဗွီဒီယိုတွေကို အဆင့်မြင့်ထိန်းချုပ်မှုတွေ လုပ်ချင်သူတွေအတွက်လည်း AI Vlog mode ထည့်ပေးထားပါတယ်။

တခြားကင်မရာတွေအနေနဲ့ Honor 80 Pro ဟာ 50MP Ultrawite Module ၊ 2MP Depth Sensor နဲ့ Honor 80 မှာ 8MP Ultrawide Lens နဲ့ 2MP Depth Sensor တွေနဲ့ လာပါတယ်။ ဒီဖုန်းနှစ်မျိုးစလုံးဟာ Android 12 အခြေခံ MagicOS 7 နဲ့ လာပြီး 66W Fast Charging ပါတဲ့ 4800mAh ဘက်ထရီ သုံးထားပါတယ်။ Honor 80 နဲ့ Honor 80 Pro တို့ဟာ အနက်ရောင် ၊ အစိမ်းရောင် ၊ အပြာရောင် နဲ့ ပန်းရောင် ကာလာတွေနဲ့ လာပါတယ်။ 


Photo: GSMArena

ရိုးရိုးမော်ဒယ် Honor 80 (8/256GB) ဗားရှင်းကို ၂၆၉၉ ယွမ် (မြန်မာငွေ ၇ သိန်းကျော်) ၊ 12/512GB ဗားရှင်းကို ၃၂၉၉ ယွမ် (မြန်မာငွေ ၉ သိန်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ Pro မော်ဒယ် 8/256GB ဗားရှင်းကို ၃၄၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းခန့်) နဲ့ 12/512GB ဗားရှင်းကို ၄၀၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်းကျော်) ဈေး သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က