OnePlus ရဲ့ စွမ်းဆောင်ရည်မြင့်ဖုန်း

မကြာခင် တရုတ်မှာ ကြေညာမယ့် OnePlus 11 ဖုန်းရဲ့ Benchmark ရလဒ် ထွက်လာပါပြီ။



၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကမ္ဘာ့ဈေးကွက်ထဲ ဖြန့်ချိသွားမယ့် OnePlus 11 အကြောင်းအချက်အလက် တချို့ကို Benchmark ပေးတဲ့ AnTuTu ပလက်ဖောင်းပေါ်မှာ မြင်တွေ့လာရပါတယ်။ PBH110 မော်ဒယ်ကုဒ်နံပါတ်နဲ့ လာတဲ့ OnePlus 11 ဟာ Snapdragon 8 Gen 2 SoC သုံးထားပြီး RAM 16GB/ UFS 4.0 512GB Storage နဲ့ လာပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 13 နဲ့ လာပြီး 120Hz Screen ပါရှိမှာပါ။ 


Photo: GSMArena

OnePlus 11 ဟာ ၆.၇ လက်မ 1440p QHD+ ရုပ်ထွက်ပါ Display သုံးလာနိုင်ပြီး လောလောဆယ် AnTuTu Point အရ ပွိုင့်ပေါင်း ၁၃၄၁၀၈၀ မှတ် ရခဲ့ပြီး သူနဲ့ Chip အတူတူ ၊ RAM အတူတူ ဖြစ်တဲ့ iQOO 11 ရဲ့ Benchmark ဖြစ်တဲ့ ၁၂၈၁၆၆၅ မှတ်ထက် ကျော်လွန်ခဲ့တာ တွေ့ရပါတယ်။ OnePlus က ပြန်မျှဝေတဲ့ Teaser အရ OnePlus 11 ဟာ ကျောဘက် သုံးလုံးတွဲကင်မရာနဲ့လာပြီး Hasselblad Tuning အသံစနစ် နဲ့ Alert Slider တစ်မျိုး သုံးလာဖို့ ရှိပါတယ်။

လောလောဆယ်တော့ OnePlus ဖုန်းသစ်ကို တရုတ်မှာ မိတ်ဆက်မယ့်ရက် မသိရသေးပေမယ့် အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့ပွဲမှာ OnePlus 11 နဲ့အတူ OnePlus Buds Pro 2 TWS နားကြပ်သစ်တွေလည်း မိတ်ဆက်လာနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က