ဥရောပဈေးကွက်တွေဖြစ်တဲ့ ဘူဂေးရီးယား ၊ ခရိုအေးရှား ၊ ဂရိ နဲ့ ယူကရိန်းတို့မှာ Huawei P Smart Pro ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။
ဒီဖုန်းကို Huawei Y9s ရဲ့ rebranded ဗားရှင်းလို့လည်း ဆိုနိုင်ပါတယ်။ Huawei Y9s ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဈေးကွက်မှာ ကြေညာသွားတဲ့ ဖုန်းဖြစ်ပြီး Huawei P Smart Pro ဟာ အဲ့ဒီ ဒီဇိုင်းကို ပုံတူပြန်သုံးထားတာပါ။ notch သုံးတဲ့ ဖုန်းတွေ မကြိုက်သူတွေအတွက် pop-up selfie နဲ့ notch-less display သုံး စမတ်ဖုန်းဟာ စိတ်ဝင်စားစရာပါပဲ။
Photo: GSMArena
Huawei P Smart Pro ဟာ အဲဒီလို ဖုန်းဖြစ်ပါတယ်။ IPS LCD display ဖြစ်လို့ in-display လက်ဗွေစနစ် မပါတော့ပါဘူး။ ဒီအတွက် လက်ဗွေကို ဖုန်းပါဝါခလုတ်ထဲမှာ ထည့်သွင်းလာပါတယ်။ side-facing လက်ဗွေစနစ်ဟာ ဖုန်းညာဘက်ပါဝါ button မှာ အသေထားလာတာ ဖြစ်ပြီး glass body ဒီဇိုင်းကြောင့် ဆန်းသစ်တယ်လို့ ခံစားရစေမှာပါ။
မျက်နှာပြင် ၆.၅၉ လက်မရှိပြီး screen-to-body အချိုးဟာ ၉၁% အထိ ရှိလာပါတယ်။ ဘက်ထရီပါဝါဟာ 4000 mAh ဖြစ်ပြီး USB Type C Port ကနေတစ်ဆင့် 10W charging နှုန်းနဲ့ အားသွင်းနိုင်ပါတယ်။ သုံးထားတဲ့ processor ဟာ Kirin 710F SoC ဖြစ်ပြီး RAM 6GB နဲ့ UFS 2.1 storage စနစ်သုံး 128GB storage ပါရှိပါတယ်။
ရှေ့ကင်မရာဟာ 16MP pop-up ကင်မရာ ဖြစ်ပြီး ကျောဘက်မှာ ထောင်လိုက် ကင်မရာ သုံးလုံးတန်းသုံးထားပါတယ်။ သုံးထားတဲ့ ကင်မရာ specs တွေကလည်း Huawei Y9s အတိုင်း ဖြစ်ပါတယ်။ Huawei P Smart Pro ဟာ 48MP primary sensor နဲ့အတူ 8MP ultrawide နဲ့ 2MP depth sensor ဆိုပြီး triple lens ပါရှိပါတယ်။
Midnight Black နဲ့ Breathing Crystal ကာလာ ၂ ရောင်နဲ့ လာပြီး ဈေးကွက်ပေါ်လိုက်ပြီး ယူရို ၃၅၀ ဝန်းကျင် (မြန်မာငွေ ၅ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။