RAM 6GB/128GB storage နဲ့ ထွက်ထားတာပါ

တရုတ်စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ Coolpad ဟာ COOL 10 နာမည်နဲ့ budget ဖုန်းတစ်လုံးကို ကြေညာလိုက်ပါတယ်။

COOL 10 ဟာ ဒီနှစ်အတွက် တရုတ်ဈေးကွက် မိတ်ဆက်လိုက်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံးဖုန်း ဖြစ်ပြီး ခေတ်ပေါ် ဖုန်းတစ်လုံးရဲ့ ဒီဇိုင်း ၊ အရည်အသွေးနဲ့ ကင်မရာဖွဲ့စည်းမှုတွေ သုံးထားပါတယ်။ Coolpad ရဲ့ ဟန်အတိုင်း ‌ဈေးနှုန်းသက်သာပြီး ဝယ်ယူသူအကြိုက်တွေ့စရာ features တွေ ထည့်ထားပါတယ်။ ကျောဘက်ဒီဇိုင်းဟာ 3D Curved ဒီဇိုင်း ဖြစ်ပြီး waterdrop notch ဒီဇိုင်းနဲ့ လာပါတယ်။

Photo: gizmochina



ကိုယ်ထည်အချိုးဟာ 19:9 နဲ့ လာပြီး မျက်နှာပြင်အရွယ်အစား ၆.၅၇ လက်မ IPS LCD screen ပါရှိပါတယ်။ notch ထဲမှာ 8MP selfie ကင်မရာ သုံးထားပြီး ကျောဘက်ကာဗာဟာ ပိုလီကာဗွန်နိတ်အပြောင်သား ဖြစ်ပါတယ်။ Triple Lens ကင်မရာစနစ်ကိုလည်း စတုဂံပုံစံ ဘယ်ဘက်အပေါ်ထောင့် Camera Module ထဲမှာ ထည့်ထားပါတယ်။

ကင်မရာအနေနဲ့ 16MP main lens ဟာ 4x digital zoom ပံ့ပိုးထားပြီး ကျန်တဲ့ lens နှစ်ခုအကြောင်း အချက်အလက် မသိရသေးပါဘူး။ ဘက်ထရီပါဝါဟာ 4900 mAh ဖြစ်ပြီး USB Type C နဲ့ အားသွင်းနိုင်မှာပါ။ အားသွင်းတဲ့ အမြန်နှုန်းတော့ မသိရသေးပါဘူး။ processor အနေနဲ့ MediaTek Helio P30 chipset ဖြစ်ပြီး RAM 6GB/128GB storage အထိ ပံ့ပိုးပေးထားတာက အားသာချက် ဖြစ်ပါတယ်။

storage အနေနဲ့ microSD card ကနေ ထပ်ပြီး မြှင့်နိုင်မှာပါ။ ဖုန်းလုံခြုံ‌‌‌ရေးအနေနဲ့ Face Unlock နဲ့ ဖုန်းဘေးဘောင်မှာ ရှိတဲ့ fingerprint reader တွေ သုံးနိုင်မှာ ဖြစ်ပါတယ်။ COOL 10 ဟာ Glazed Black ၊ Charm Blue နဲ့ Ying Beibai White ကာလာ ၃ ‌‌မျိုးနဲ့ ထွက်ထားပါတယ်။ တရုတ်ဈေးကွက်မှာ ၈၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၇ သောင်းခွဲကျော်) ဈေးနဲ့ ‌‌‌‌ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က