ရော်နယ်လ်ဒိုဟာ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ၂ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲဦးထွက်ကစားပေးဖို့ စောင့်ဆိုင်းရဖွယ်ရှိနေတာဖြစ်ပါတယ်။

Youtuber တစ်ဦးဟာ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ အသင်းသစ် အယ်လ် နက်ဆာအတွက် ကစားပေးရခြင်းမရှိသေးပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့ပွဲဦးထွက်သွင်းဂိုးလို့ ခေါင်းစဉ်တပ်ထားတဲ့ ဗီဒီယိုကို တင်ခဲ့ရာမှာ ကြည့်ရှုသူပေါင်း ၁၇ သန်းအထိ အံ့အားသင့်ဖွယ်ရရှိခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ယခုအပတ်အစောပိုင်းမှာ Mrsool Park က အယ်လ် နက်ဆာပရိသတ်တွေအားလုံးရှေ့မှာ ကစားသမားသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ခြင်းခံခဲ့ရတာဖြစ်ပြီး ပေါ်တူဂီတိုက်စစ်မှူးဟာ ကြာသပတေးနေ့က ၂၄ နာရီ ရွှေ့ဆိုင်းခဲ့တဲ့ အယ်လ် တာအီးနဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ကစားပေးဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ အယ်လ် နက်ဆာအသင်းဟာ အယ်လ် တာအီးနဲ့ ယနေ့မှာ တွေ့ဆုံယှဉ်ပြိုင်သွားလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရပေမယ့်လည်း ရော်နယ်လ်ဒိုဟာ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ၂ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲဦးထွက်ကစားပေးဖို့ စောင့်ဆိုင်းရဖွယ်ရှိနေတာဖြစ်ပါတယ်။



ဒီလိုဖြစ်နေတဲ့အချိန်မှာ Youtuber တစ်ဦးဟာ အယ်လ် နက်ဆာနဲ့ အယ်လ် တာအီးတို့ကြား ရွှေ့ဆိုင်းခဲ့တဲ့ ပွဲစဉ်ရဲ့ ဟိုက်လိုက်ဗီဒီယိုကို တင်ခဲ့ပြီး ခေါင်းစဉ်မှာ ရော်နယ်လ်ဒိုက သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တယ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပဲ အဲဒီဗီဒီယိုကို ကြည့်ရှုသူ ၁၇ သန်းအထိ ရှိခဲ့ပြီး ပုံထဲမှာ ရော်နယ်လ်ဒိုက ဂျူဗင်တပ်အသင်းဖော်ဟောင်း လိုကာတယ်လီကို ပွေ့ဖက်ထားပြီး ရုတ်တရက်ကြည့်လိုက်ရင် လက်ရှိ အယ်လ် နက်ဆာအသင်းရဲ့ ဂျာစီနဲ့ တော်တော်လေး ဆင်တူနေခဲ့တာဖြစ်ပါတယ်။

"ဒီနေ့ခေတ် လူတွေက အင်တာနက်ပေါ်က အရာအားလုံးကို ယုံကြည်နေတော့တာပဲ"လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး "အွန်လိုင်းပေါ်က လူတွေ ဉာဏ်ဘယ်လောက်ကောင်းလဲဆိုတာကို ကောင်းကောင်း ပြလိုက်တာပဲ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က