ဈေးကွက်မှာ လူသိနည်းတဲ့ brand ပါ

ခေါက်သိမ်းနိုင် display တွေနဲ့ကမ္ဘာ့အကြီးဆုံး ဘက်ထရီသုံးတဲ့ ဖုန်းကို ဒီလထဲမှာ မြင်ရတော့မှာပါ။

         ကမ္ဘာ့အကြီးဆုံး အမေရိကန်ဘက်ထရီကုမ္ပဏီတစ်ခု ဖြစ်တဲ့ Energizer ဟာ flagship features တွေ ပါဝင်တဲ့ ဖုန်းတစ်မျိုးကို စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပသွားမယ့် MWC ပွဲမှာ ကြေငြာသွားမယ်လို့ဆိုပါတယ်။ Energizer ဟာ MWC ပွဲမှာ ဖုန်းမော်ဒယ် ၂၆ မျိုး ကြေငြာသွားဖို့ရှိပါတယ်။ ဒီဖုန်းတွေထဲမှာ pop-up ကင်မရာစနစ်များ ၊ 18000 mAh အထိ များပြားတဲ့ ဘက်ထရီဖုန်းများ အပြင် foldable display သုံးတဲ့ ဖုန်းများလည်း ပါဝင်မယ်လို့ဆိုပါတယ်။



Photo: Phone Arena

         ပြောရရင် ဖုန်းတစ်မျိုးတည်းမှာ pop-up ကင်မရာ ၊ ဧရာမ 18000 mAh ဘက်ထရီနဲ့foldable display တွေ ပါမှာတော့ မဟုတ်ပါဘူး။ 9to5Google ကတော့ ဒီဖုန်းမော်ဒယ် ၂၆ မျိုးဟာ Power Max ၊ Ultimate ၊ Energy နဲ့ Hardcase ဆိုတဲ့ စီးရီးတွေထဲကနေ ခွဲထွက်လာမယ်လို့ဖော်ပြထားပါတယ်။ Power Max ဟာ 18000 mAh ဘက်ထရီ သုံးဖို့ရှိပါတယ်။ ဒီဖုန်းအရင် Energizer ဟာ ကမ္ဘာ့ဘက်ထရီအကြီးဆုံး ဖုန်းဖြစ်တဲ့ Power Max P61K Proကို ကြေငြာခဲ့ပါတယ်။

         ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ Power Max P16K Pro ဟာ 16000 mAh ဘက်ထရီကို သုံးခဲ့တာ ဖြစ်ပြီး Ultimate စီးရီးတွေထဲမှာတော့ notch display နဲ့pop-up ကင်မရာတွေ သုံးလာမှာပါ။ GSM Arena ကတော့ Energizer Ultimate U620S Pop နဲ့U630S Pop တို့ဟာ MediaTek Helio P70 နဲ့P22 သုံးသွားပြီး pop-up dual cameras ဆယ်လ်ဖီကင်မရာတွေဖြစ်တဲ့ 16MP +2MP ကင်မရာနှစ်လုံး သုံးသွားဖို့ရှိပါတယ်။




         Ultimate U620S Pop မှာ ကျောဘက် ကင်မရာ ၃ လုံး (16MP+5MP+2MP) ကင်မရာ သုံးလုံးတွဲစနစ်နဲ့အတူ RAM 6GB/128GB storage ပါရှိမှာ ဖြစ်ပြီး ဇူလိုင်လထဲမှာ ဖြန့်ချိသွားမှာပါ။ Ultimate U630S Pop ကတော့ RAM 4GB/64GB storage ပါရှိပြီး ဇွန်လထဲ မိတ်ဆက်သွားမှာပါ။ ဒီဖုန်းနဲ့အတူ FlexPai လိုမျိုး display ကို ခေါက်သိမ်းထားနိုင်မယ့် စမတ်ဖုန်းကို ကြေငြာသွားမယ်လို့သတင်းထွက်နေပါတယ်။

         ပြင်သစ်ကုမ္ပဏီ Avenir Telecom အနေနဲ့Energizer ရဲ့ လိုင်စင်နဲ့တန်ဖိုးဖုန်းတွေ မိတ်ဆက်ခဲ့ပေမယ့် ဈေးကွက်မှာ ပေါက်နေတဲ့ brand အဖြစ်တော့ ရောက်မလာသေးပါဘူး ။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က