ဦးကရင် မုန့်ဟင်းခါး က အင်းစိန်ဈေးထဲမှာ (၁၉၉၀) ခုနှစ်‌ကတည်းက ဆိုင်းထမ်းလေးနဲ့‌ စရောင်းခဲ့တာပါ။

အင်းစိန်ဈေးထဲမှာ ဆိုင်ထမ်းလေးနဲ့‌ စရောင်းခဲ့တဲ့ဦးကရင် မုန့်ဟင်းခါးက အင်းစိန်ဈေးမှာမသိသူမရှိရလောက်အောင် နာမည်ကြီး ပါတယ်။



ဦးကရင် က စရောင်းခဲ့တဲ့ ဦးကရင် မုန့်ဟင်းခါး

အင်းစိန်‌‌ဈေးထဲက ဦးကရင်မုန့်ဟင်းခါးဆိုင်က အင်းစိန်ဈေးမှာမသိသူမရှိရလောက်အောင် နာမည်ကြီး လူကြိုက်များ‌တဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။ဆိုင်သက်တမ်းက နှစ်ပေါင်း (၃၀)ကျော်ပါပြီ။၁၉၉၀ ခုနှစ်‌ ကစပြီးအင်းစိန်ဈေးထဲမှာ ဆိုင်ရှင် ဦးကရင်က ဆိုင်ထမ်းလေးနဲ့‌ စရောင်းခဲ့လို့ ဦးကရင် မုန့်ဟင်းခါး လို့ စားသုံးသူတွေကပဲ နာမည်ပေးခဲ့တာဖြစ်ပါတယ်။

အင်းစိန်‌ဈေးရဲ့ နှစ်ချို့ ဆိုင် 

စားသုံးသူ‌ ပေးတဲ့နာမည်လေးနဲ့‌ အင်းစိန်‌ဈေးရဲ့ နှစ်ချို့ ဆိုင် တစ်ဆိုင်ဖြစ်ပြီး မသိသူမရှိလောက်အောင် နာမည်ကြီးပြီး တစ်နေ့ ကို မုန့်ဖတ်အချိန် (၈၀) ကုန်အောင် ရောင်းကောင်းပါတယ်။ဒီဆိုင်မှာ အသုပ်စုံ၊အုန်းနို့ခေါက်ဆွဲ‌‌ တွေနဲ့ ဆိုင်မှာပဲကိုယ်တိုင်ကြော်ထားတဲ့ အကြော် အစုံကိုလည်း ရနိုင်ပါသေးတယ်။ဦးကရင်မုန့်ဟင်းခါးဆိုင်လေးကို စဖွင့်ခဲ့တဲ့ဆိုင်ရှင်လင်မယားကလည်းအသက်ကြီးလာပြီဖြစ်လို့သားဖြစ်သူ‌ကဦးစီးရောင်းချနေကြတာဖြစ်ပါတယ်။

ဧရာ၀တီချက်မုန့်ဟင်းခါး

စဖွင့်ခဲ့တုန်းကတော့ တစ်ပွဲ ၁၅၀ကျပ်ကနေ စ ရောင်းခဲ့ပြီး အခုကတော့ မုန့်ဟင်းခါး အလွတ်တစ်ပွဲကို ၁၅ဝ၀ကျပ်ပါ။ငါးခူ၊ငါးကြင်း တို့နဲ့ ချက်ထားတဲ့ ငါးဖတ်များများ၊ ငရုတ်ကောင်းနံ့မွှေးမွှေး‌ေလးနဲ့ ဧရာ၀တီချက်မုန့်ဟင်းခါး ကို စားရမယ့်ဆိုင်ပါ။တစ်ရက်ကိုမုန့်ဖတ်အချိန် (၅၀-၈၀)ထိ ရောင်းရပြီး အင်းစိန်ဈေးမှာမသိသူမရှိရလောက်အောင် နာမည်ကြီး ပါတယ်။

လိပ်စာ

ဆိုင်ဖွင့်ချိန်မနက်(၇)နာရီ ကနေ ရောင်းကောင်းတဲ့ရက်တွေဆိုရင် ညနေ(၃)နာရီလောက်နဲ့ကုန်တတ်ပါတယ်။ အော်ဒါ‌လည်း မှာယူနိုင်သလို အသင့်ချက်လို့ရတဲ့ ဦးကရင်မုန့်ဟင်းခါး အနှစ်ထုတ်တွေကို ၀ယ်ယူနိုင်ပါတယ်။ လိပ်စာကတော့ အင်းစိန်ဈေး ရဲ့ ဈေးရုံ (၁)နဲ့ ဈေးရုံ (၂)ကြား မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က