Reddit အသုံးပြုသူတစ်ဦးက စူပါဘလွန်ဒေါဆုစာရင်းက ဘယ်လိုဖြစ်နိုင်လဲဆိုတာကို တွက်ချက်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးဟာ ပြီးခဲ့တဲ့ ၃၂ နှစ်အတွက် စူပါဘလွန်ဒေါအဆင့်သတ်မှတ်ချက်ကို ဖန်တီးခဲ့ပြီး ဒီစာရင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒီရှားပါးတဲ့ဆုကို သမိုင်းတလျှောက်မှာ ကစားသမားတစ်ဦးတည်းကို ပေးအပ်ခဲ့တာဖြစ်ပြီး ၁၉၈၉ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်ဂန္တဝင် အယ်လ်ဖရက်ဒို ဒီစတီဖာနိုက ရရှိခဲ့တာဖြစ်ပါတယ်။ France Football မဂ္ဂဇင်းရဲ့ နှစ် ၃၀ ပြည့် အမှတ်တရအနေနဲ့ ပြင်သစ်သတင်းဌာနက ဥရောပ ကစားသမားတွေသာ ရရှိဖို့ အကျုံးဝင်တဲ့ စူပါဘလွန်ဒေါဆုကို ကြေညာခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဂန္တဝင် ဒီစတီဖာနိုဟာ ၎င်းရဲ့ စပိန်နိုင်ငံသားဖြစ်မှုကြောင့် ယိုဟန် ခရိုက်ဖက်နဲ့ ပလာတီနီတို့ကို ကျော်ဖြတ်ပြီး ဆု ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလို ထူးခြားတဲ့ဆုကို လက်ရှိခေတ် အကောင်းဆုံးကစားသမားရဲ့ အောင်မြင်မှုကို ဂုဏ်ပြုဖို့အတွက် ပြန်လည် ပေးအပ်သင့်တယ်လို့ ပရိသတ်တွေက ထင်မြင်ခဲ့ကြတာဖြစ်ပြီး Reddit အသုံးပြုသူတစ်ဦးက စူပါဘလွန်ဒေါဆုစာရင်းက ဘယ်လိုဖြစ်နိုင်လဲဆိုတာကို တွက်ချက်ခဲ့တာဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်ကနေစပြီး ဘလွန်ဒေါ စွမ်းဆောင်ရည်သက်သက်အပေါ်မှာသာ အခြေခံတွက်ချက်ခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီဟာ ဘလွန်ဒေါဆုကို စံချိန်တင် ၇ ကြိမ်အထိ ရရှိခဲ့တာကြောင့် ထိပ်ဆုံးမှာ မြင်တွေ့ရတာက အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။ ဒါပေပမယ့်လည်း အဆင့်သတ်မှတ်ချက်တစ်ခုလံုံးမှာတော့ ပရိသတ်တွေကြားမှာ အငြင်းပွားစရာ အံ့အားသင့်ဖွယ်ကောင်းတဲ့ ကိန်းဂဏန်းတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

စူပါဘလွန်ဒေါအဆင့်သတ်မှတ်ချက်


၁။ လီယွန်နယ် မက်ဆီ


၂။ ခရစ္စတီယာနို ရော်နယ်လ်ဒို


၃။ ရိုနယ်လ်ဒို နာဇာရီယို


၄။ ဇီဒန်း


၅။ ရှက်ဗ်ချင်ကို


၆။ ရောဘတ်တို ဘက်ဂီယို၊ လိုသာ မားသဲအုစ်


၇။ စတွိုက်ချ်ကော့ဗ်


၈။ လီဝန်ဒေါစကီး


၉။ ရော်နယ်လ်ဒင်ညို


၁၀။ ရီဗယ်လ်ဒို


၁၁။ ကာကာ


၁၂။ ဖီဂို၊ လူကာ မိုဒရစ်


၁၃။ သီယာရီ အွန်နရီ


၁၄။ အင်နီယေစတာ၊ မားသဲအုစ် ဆမ်းမား


၁၅။ ဘန်ဇီးမား၊ မိုက်ကယ် အိုဝင်


၁၆။ နက်ဗက်


၁၇။ ဘန် ဘက်စတန်၊ ဂျင်-ပီယဲ ပါပင်၊ ဂျော့ဂျ် ဝဲ့၊ ကနာဗားရိုး၊ ဇာဗီ


၁၈။ ဘားကမ့်


၁၉။ နေမာ


၂၀။ ရာအူးလ်


၂၁။ မာလ်ဒီးနီ


၂၂။ ကလင်းစ်မန်း၊ ဘက်ဟမ်း၊ ဘူဖွန်


၂၃။ ရော်ဘတ်တို ကားလို့စ်


၂၄။ မာနေး


၂၅။ ဒေဗာ ဆူကာ၊ ဒီဂျန် ဆာဗီဆဲဗစ်


၂၆။ ဒါကို ပန်ဆက်ဗ်၊ ရှီလာစီ၊ အီဘရာဟီမိုဗစ်၊ ဒေကို၊ မီဂျာတိုဗစ်၊ အိုလီဗာ ခန်း၊ လမ်းပတ်၊ ဂရစ်ဇ်မန်း၊ ဗန်ဒိုက်


၂၇။ ဒရော့ဂ်ဘာ၊ အမ်ဘာပေ


၂၈။ ဂျရတ်၊ ဒီဘရိုင်းနား၊ မို ဆာလား


၂၉။ ကာဆီးလက်စ်၊ ပီယာလို၊ ဆမ်မြူရယ် အီတူး


၃၀။ လူးဝစ္စ ဆွာရက်ဇ်၊ လစ်မနန်း၊ ကန်တိုနာ၊ ဒဲလ် ပီယဲရိုး၊ ဘားတစ္စတူတာ။


အဆင့်သတ်မှတ်ချက်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ဘလွန်ဒေါဆုအတွက် မဲပေးမှုအရ ရပ်တည်ချက်အပေါ်မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပမေယ့်လည်း ပရိသတ်တွေဆီကနေ တုံ့ပြန်မှုတွေ အများအပြားရှိခဲ့တာဖြစ်ပါတယ်။


"R9 က တတိယနေရာမှာ ရှိနေတာက သူက ဒဏ်ရာသာမရှိရင် ကျန်တဲ့သူတွေအားလုံးထက် ဘယ်လောက်တောင် အများကြီး ပိုကောင်းမွန်ခဲ့မလဲဆိုတာကို ပြသနေတာပဲ"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "မာနေးက ဒီစာရင်းမှာ ရှိနေစရာအကြောင်းမရှိဘူး။ ဘက်ဟမ်းက ဘူဖွန်ရဲ့ရှေ့မှာရှိနေတာက ဟာသပဲ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က