မြန်မာနိုင်ငံမှာ မိန်းကလေးအဆိုတော်အဖွဲ့တွေလက်ချိုးရေလို့ရသေးတဲ့အချိန် ၂၀၀ဝပြည့်နှစ် နောက်ပိုင်းမှာ နာမည်အရမ်းကြီးခဲ့တဲ့အမျိုးသမီးအဆိုတော်အဖွဲ့တစ်ဖွဲ့ရှိခဲ့ပါတယ်။ မိန်းကလေး ၃ ယောက်က အလှတစ်မျိုးစီပိုင်ဆိုင်ထားကြပြီး အနုပညာအရည်အချင်းလည်း အသီးသီးရှိကြတဲ့အတွက် အဲ့ဒီ့ခေတ်အခါကတော့ No! အဖွဲ့ကို မသိသူမရှိလောက်ပါပဲ။ No!အဖွဲ့ကို သတိရနေကြဦးမယ့်ပရိသတ် တွေအတွက် အဖွဲ့ရဲ့ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။
No! အဖွဲ့ ဝင်တွေက တော့အဖွဲ့စစချင်းမှာ တစ်ယောက်နဲ့တစ်ယောက်သိကျွမ်းမှုမရှိကြပဲ သူတို့သုံးဦးကိုဆုံစည်းစေတာကတော့ အဆိုတော်ဘာဘူပါ။
"တစ်ယောက်နဲ့တစ်ယောက်မရင်းနှီးကြပေမယ့် သီချင်းဆိုတာ အပိုဒ်ခွဲရတာကအစ သီချင်းမှာဘယ်သူကတော့ပိုပြီးဆိုရတယ် ဘာတွေ အဲဒီလိုတွေလည်းမရှိဘူး။ အကုန်လုံး ဒီသီချင်းတစ်ပုဒ်ကို ကောင်းဖို့ပဲ စိတ်ရှိကြတာ ထွေထွေထူးထူးလည်းညှိရတာမျိူးမရှိပါဘူး "လို့ ရတနာက ပြောပြပါတယ်။
"ဘာလိုသေးလဲ "CD ကို၂၀၀၃ခုှုစ် စက်တင်ဘာလမှာ ဖြန့်ချိခဲ့ချိန်မှာတော့ No!ဟာ တက်သစ်စ မိန်းကလေးအဆိုတော်အဖွဲ့တစ်ဖွဲ့ပါပဲ။ ပုံမှန်အတိုင်း ပွဲတွေမှာသီချင်းဆို အဖွဲ့လိုက်လှုပ်ရှားမှုတွေလုပ်နေကြရင်း "ဘာလိုသေးလဲ"VCD ၂၀၀၄ခု နှစ်မှာ ထုတ်ခဲ့ပါတယ်။ ရန်ကုန်မှာတော့ရန်ကင်းစင်တာရှေ့နဲ့ ချိုကြည်သာတေးသံသွင်းရှေ့မှာ လက်မှတ်ထိုးပွဲလုပ်ခဲ့ပြီး မန္တလေးမှာတော့ Blazon မှာ လက်မှတ်ထိုးခဲ့ ကြပါတယ်။
"ရန်ကုန် နှစ်နေရာမှာ လက်မှတ်ထိုး ကြတာ။ ပရိသတ်တွေအားပေးကြတယ်။ ရန်ကင်းစင်တာမှာလည်းလူများတယ်။ မန္တလေးမှာတော့ Blazon မှာ ကိုယ်တွေသွားတော့ အရှေ့မှာ ဆိုင်ကယ်တွေရပ်ထားတာပဲ မြင်တာ။ ဟယ်လူတောင်ရှိပါ့မလားပေါ့ ။ ပြီးမှ အထဲဝင်တော့မှ လူတွေဆိုတော့ အုံးအုံးကျက်ကျက်ပဲ။ လူတွေဘယ်လောက်တောင်များလဲဆို တစ်ယောက်လက်မှတ်တစ်ယောက်မှားထိုးကြတဲ့အထိပဲ "ပဲလို့ အဖွဲ့ဝင်ရတနာက အမှတ်တရ တွေကိုပြောပြပေးခဲ့ပါတယ်။
Photo- No! Girl Band
No! ရဲ့ ဘာလိုသေးလဲ သီချင်းခွေဟာ အဲ့ဒီ့ခေတ်အခါက အိမ်တိုင်းလိုလိုဆိုင်တိုင်းလိုလို လမ်းတိုင်းလိုလိုမှာကြားနေခဲ့ရတာတော့အမှန်ပါပဲ။
သူတို့အဖွဲ့ရဲ့အောင်မြင်မှုကလည်း လူတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့ပါတယ်
"ဘာလိုသေးလဲ "ထွက်ရှိပြီးချိန်မှာတော့ No!ရဲ့ ဒုတိယအခွေဖြစ်တဲ့ "ရိုးသွားပြီ"ထွက်ရှိခဲ့ပါသေးတယ် ။ အဲ့ဒီ့နောက် တတိယအခွေ မထွက်ရှိခင် ကြားကာလမှာပဲ အဖွဲ့ဝင်သဇင်ဟာ ဆက်ပြီးမပါဝင်ခဲ့တော့တာနဲ့ အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ ရည်မွန်နဲ့ရတနာက No!အဖွဲ့အဖြစ် ဆက်ရှိနေခဲ့ကြတာပါ ။
"အစ်မတို့အဲ့ဒီ့တုန်းက No!ကိုအဖွဲ့ဝင်အသစ် နှစ်ယောက်ထပ်ထည့်ဖို့စီစဥ်ခဲ့ကြသေးတယ်။ ဒါပေမယ့်လည်း ၂ယောက်နဲ့ပဲ ဆက်သွားတော့မယ်လို့ စီစဥ်လိုက်ပြီး No!ကို ဒီအတိုင်း၂ယောက်နဲ့ပဲ ဆက်ဖွဲ့ ဖြစ်ခဲ့တယ်။ ပြီးတော့ "မငြင်းပါနဲ့ "CD နဲ့ M Plugged CD လည်းထုတ်ဖြစ်လိုက်တယ်။အခုထိတော့VCD မထုတ်လိုက်သေးဘူး " လို့ ရတနာကဆိုပါတယ်။
Photo-No! Girl Band
ရည်မွန်နဲ့ရတနာဟာ mini album ကိုထုတ်လုပ်ဖို့ စီစဥ်ထားပေမယ့်လည်း ကိုဗစ်ရောဂါကြောင့် အခွေထုတ်ဖို့ နောက်ဆုတ်ခဲ့ရပါတယ်။
အခြေအနေတွေကောင်းလာတဲ့တစ်နေ့တော့ သီချင်းခွေထုတ်ဖို့ဆက်လက်စီစဥ်ဖြစ်မယ်လို့လည်းသိရပါတယ် ။
Photo-No! Girl Band
၂၀၀၀ပြည့်နှစ်ဝန်းကျင်အကျော်ကအောင်မြင်မှုတွေများစွာပိုင်ဆိုင်ထားခဲ့တဲ့ No! အဖွဲ့ကိုချစ်နေကြတဲ့ ပရိသတ်တွေကရှိနေဆဲပါပဲ။
No! ရဲ့ထွက်ရှိခဲ့တဲ့သီချင်းဟောင်းလေးတွေကိုပြန်လည်နားထောင်ရင်း No! အဖွဲ့အကြောင်းလေးကို မှတ်တမ်းတင် ဖော်ပြပေးလိုက်ပါတယ်။