Vivo ရဲ့ High-End ဖုန်း

Vivo ရဲ့ King Of One Inch Sensors (တစ်လက်မ sensors များရဲ့ဘုရင်) လို့ နာမည်ပေးထားတဲ့ ကင်မရာနည်းပညာမြင့်ဖုန်း ထွက်ရှိလာပြီ ဖြစ်ပါတယ်။ 

Vivo X90 Pro+ ဟာ ကင်မရာစွမ်းဆောင်ရည်မြင့် အထူးထုတ်ဖုန်းတစ်လုံးဖြစ်ပြီး အရောင်ပြန်တာ အလင်းကွက်ပုံထတာတွေ လျှော့ချနိုင်တဲ့ Zeiss T* နည်းပညာနဲ့ ကင်မရာ သုံးထားပါတယ်။ Lens တွေကို အလင်းပြန့်မှုနှုန်းနည်းတဲ့ Abbe နံပါတ် ၈၁.၆ မှတ်ရှိ အရည်အသွေးမြင့် မှန်သုံးထားပြီး အလင်းပိုဖမ်းနိုင်အောင် အတော်လေး ကျယ်တဲ့ f/1.75 aperture သုံးထားတယ်လို့ ဆိုပါတယ်။ 1” Sony IMX989 Sensor ဟာ အရင် Vivo X80 Pro ရဲ့ 1/1.3” sensor နဲ့ စာရင် အလင်းအာရုံခံဧရိယာ ၇၇% ပိုကြီးလာပါတယ်။ 




Photo: GSMArena

သီးခြား 1.6µm sensors တွေဟာ 3.2µm Pixel Size တစ်ခု ရဖို့ လေးခုတစ်စုအဖြစ် စုဖွဲ့ပါတယ်။ X90Pro+ မှာ Telephoto ကင်မရာ ၂ လုံး ပါရှိပြီး တစ်ခုက 90mm Periscopre Lens ပါတဲ့ 64MP sensor ဖြစ်ပြီး 3.5x optical zoom နဲ့ အမြင့်ဆုံး 100x digital zoom အထိ ဆွဲနိုင်မှာပါ။ နောက်ကင်မရာတစ်လုံးက 2x optical zoom ပါ 50mm portrait lens ဖြစ်ပြီး 50MP Sensor တပ်ဆင်ထားပါတယ်။ 

50mm lens ၊ 64MP Sensor နဲ့ IMX989 Sensor သုံးမျိုးလုံးမှာ OIS ရုပ်ငြိမ်စနစ်တွေ ပါဝင်ပြီး ဒီကင်မရာတွေအပြင် မြင်ကွင်းကျယ်ရိုက်ကူးရေးအတွက် 48MP Ultrawide sensor လည်း သုံးထားပါတယ်။ ရှေ့ဘက် Centered Punch-Hole ကင်မရာပေါက်ထဲမှာ 32MP Selfie ကင်မရာ ပါရှိပါတယ်။ ရိုက်ကူးရေးပိုင်းမှာ 8k videos တွေကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်ပြီး 14-bit RAW Video Mode လည်း ပါရှမှာပါ။ 

ကင်မရာပိုင်းအပြင် နောက်ထပ်ထူးခြားမှုက နောက်ဆုံးပေါ် Qualcomm အဆင့်မြင့်မိုဘိုင်း Processor သစ် Snapdragon 8 Gen 2 ကို အဦးဆုံးသုံးလာတာပဲ ဖြစ်ပါတယ်။ Chipset သစ်ဟာ စွမ်းဆောင်ရည်အမြင့်ကို ထိန်းထားနိုင်ဖို့ အကြီးစား ၈၉၀၀ စတုရန်းမီလီမီတာရှိတဲ့ Vapor Chamber တစ်ခုနဲ့ တွဲဖက်ထားပါတယ်။ Snapdragon 8 Gen 2 Chip နဲ့အတူ RAM 12GB နဲ့ UFS 4.0 သိုလှောင်စနစ်သုံး 256GB / 512GB Storage ဗားရှင်းတွေ ရွေးချယ်နိုင်မှာပါ။ Vivo ဟာ Image Processing ပိုင်းအတွက် vivo V2 ISP သစ်နဲ့ အားဖြည့်ထားပါတယ်။ 

Vivo V2 ISP သစ်ဟာ ဝပ်တစ်ခုချင်းမှာ 16TOPS ထွက်ပြီး on-chip SRAM 45MB နဲ့လာပါတယ်။ ရိုးရိုး ISP နဲ့ AI နည်းပညာတို့ ပေါင်းစည်းထားပြီး ရုပ်ထွက်မငြိမ်မှုကို လျှော့ချနိုင်တဲ့စနစ် ၊ HDR ၊ MEMC နဲ့ တခြားလုပ်ဆောင်ချက်တို့လည်း ကိုင်တွယ်နိုင်မှာပါ။ vivo X90 Pro+ ဟာ အကြီးစား ၆.၇၈ လက်မ QHD+ Display နဲ့ Samsung E6 LTPO 4 AMOLED panel သုံးထားပါတယ်။ 10-bit color နဲ့ 120Hz Refresh Rate တို့ ပါဝင်ပြီး အမြင့်ဆုံးတောက်ပမှု 1800nit ပံ့ပိုးထားပါတယ်။ ဘေးဘောင်နှစ်ဘက်ကွေးညွတ်ထားတဲ့ Display ဟာ Dolby Vision အထောက်အပံ့လည်း ပါဝင်ပါတယ်။


Photo: GSMArena

Vivo X90 Pro+ ဟာ China Red နဲ့ Original Black ကာလာနှစ်ရောင်နဲ့ လာပြီး ကျောဘက်လယ်သာသားရေတု Texture နဲ့ ထွက်ပါတယ်။ အဆင့်မြင့်ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း IP68 ရေစိုဖုန်တင်ခံစနစ် ပါဝင်ပါတယ်။ ဘက်ထရီပါဝါ 4700mAh ဟာ အမြန်အားသွင်းနိုင်ဖို့အတွက် ဘက်ထရီ Cells နှစ်ခု ခွဲထားပါတယ်။ အားသွင်းစနစ်အနေနဲ့ 80W Wired နဲ့ 50W Wireless Charging ပံ့ပိုးမှု ပါဝင်ပြီး ကြိုးနဲ့အားသွင်းမှုနဲ့ဆို၃၃ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မှာပါ။ တရုတ်ဈေးကွက်မှာ ဒီဖုန်းကို OriginOS 3 နဲ့ ဖြန့်ချိထားပြီး နိုင်ငံတကာဈေးကွက်ထဲ ဖြန့်ချိမယ့်အကြောင်းတော့ မကြေညာသေးပါဘူး။

Vivo X90 Pro+ (12/256GB) ဗားရှင်းကို ယွမ် ၆၅၀၀ ( မြန်မာငွေ ၂၅ သိန်းခန့်) ဈေးနဲ့ 12/512GB ဗားရှင်းအတွက် ယွမ် ၇၀၀၀ (မြန်မာငွေ ၂၈ သိန်း) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က