Flagship တက်ဘလက်ဈေးကွက်အတွက် Xiaomi Pad 5 Pro 12.4 သစ်ဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာပါတယ်။
Xiaomi Pad စီးရီးထဲက အသစ်ထွက်လာတဲ့ Xiaomi Pad 5 Pro ဟာ အရင်နှစ်က မိတ်ဆက်သွားတဲ့ ၁၁ လက်မဆိုဒ် Xiaomi Pad 5 Pro နဲ့ ကွဲပြားမှု ရှိလာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီတက်ဘလက်ဟာ Snapdragon 870 SoC ၊ 120Hz Refresh Rate နဲ့ ၁၂.၄ လက်မ 2.5K ရုပ်ထွက်ပါ LCD Display နဲ့ ဧရာမ 10000mAh ဘက်ထရီတို့ သုံးထားပါတယ်။ လက်ပ်တော့ငယ်တစ်လုံးစာဆိုဒ် ရောက်လာတဲ့ အကြီးစား ၁၂.၄ လက် Display ဟာ WQHD+ (2560 x 1600) Pixel ရုပ်ထွက်ပါရှိပြီး P3-Color Gamut ပြန်ထုတ်ပေးနိုင်သလို HDR 10 ထောက်ခံချက်နဲ့ Dolby Vision ထိန်းညှိစနစ်တွေ ထည့်ပေးထားပါတယ်။
Xiaomi Pad 5 Pro 12.4 ဟာ ဒီဇိုင်းနဲ့ အသွင်းအပြင်ပိုင်းမှာ သိသိသာသာကြီး တိုးတက်ပြောင်းလဲလာပါတယ်။ Bezel တွေကို ပိုပါးအောင် တည်ဆောက်လိုက်ပေမယ့် အရင် Pad 5 စီးရီးအတိုင်း လေးဘက်လေးတန် ဘောင်အနားတွေကို အချိုးညီညီ Full Screen ဘက် သွားအောင် စီစဉ်ထားတာ တွေ့ရပါတယ်။ နောက်ကျောဘက် ကင်မရာဖွဲ့စည်းပုံကတော့ လုံးဝကို Xiaomi 12 စီးရီးရဲ့ အငွေ့အသက်တွေ မြင်ရအောင် ဖန်တီးထားတာပါ။
တက်ဘလက်တစ်လုံးအတွက် အတော်ကြီး တောက်ပမှုမြင့်တယ်လို့ ပြောနိုင်တဲ့ peak brightness 500nits အထိ ရောက်လာပြီး ထု ၆.၆၆ မီလီမီတာပဲ ထူပါတယ်။ Chipset ကို ၁၁ လက်မမော်ဒယ်အတိုင်း Snapdragon 870 SoC ပဲ သုံးလာပြီး ဘက်ထရီပါဝါကိုတော့ ဧရာမဆိုဒ်နဲ့ လိုက်ဖက်အောင် 10000mAh ဘက်ထရီသုံးလာပါတယ်။ ဘက်ထရီအားသွင်းစနစ်အနေနဲ့ 67W Fast Charging ပံ့ပိုးမှု ပေးထားပါတယ်။ ဧရာမဆိုဒ်ဖြစ်ပေမယ့် ဘက်ထရီကို အားအပြည့်သွင်းဖို့ ၆၈ မိနစ်ပဲ ကြာမယ်လို့ Xiaomi က ကြေညာပါတယ်။
ကျောဘက်မှာ Triple-Camera ဖွဲ့စည်းမှုပဲ ပြန်သုံးပေမယ့် ကင်မရာ Cutout ဒီဇိုင်းဟာ Xiaomi 12 စီးရီးနဲ့ တစ်ပုံစံတည်း ဖြစ်လာပါတယ်။ ကင်မရာအိမ်ထဲမှာ 50MP Main sensor ၊ 2MP Depth Sensor နှစ်ခုတို့ ပါရှိပါတယ်။ ဆဲလ်ဖီဆွဲဖို့ နဲ့ ဗွီဒီယိုခေါ်ဆိုမှုတွေ လုပ်ဖို့အတွက် ရှေ့ဘက်မှာ 20MP Selfie ကင်မရာ တပ်ဆင်ထားပါတယ်။ ကင်မရာပိုင်းမှာ အရင်ထုတ်ကုန်တွေထက် အများကြီး ပိုကောင်းလာတယ်လို့ ပြောနိုင်ပါတယ်။
Xiaomi Pad 5 Pro 12.4 ဟာ Dolby Atmos အသံစနစ်အထောက်အပံ့ပါ စပီကာလေးလုံးတပ် Quad-Speaker Setup နဲ့ မိုက်ခရိုဖုန်းနှစ်ခု ပါရှိပြီး Android 12 ကို အခြေခံထားတဲ့ MIUI 13 for Pad စနစ် သုံးထားပါတယ်။ 3.5mm audio jack ထည့်မပေးထားတာကြောင့် သီချင်းကို နားကြပ်နဲ့ နားထောင်မယ်ဆို Type-C Port နဲ့ နားထောင်ရမှာပါ။ USB 3.2 Gen 1 Type-C port ကို အားသွင်းဖို့နဲ့ Data Transfers လုပ်ဖို့ အသုံးပြုပါတယ်။ အရောင်အနေနဲ့ ငွေရောင် ၊ အစိမ်ရောင် နဲ့ အနက်ရောင် ကာလာ ၃ ရောင်နဲ့ လာပါတယ်။ Memory Configuration ကိုလည်း ဗားရှင်း ၃ မျိုးနဲ့ ထွက်ထားပါတယ်။
အနိမ့်ဆုံးမော်ဒယ် RAM 6GB/128GB Storage ကို ယွမ် ၂၈၀၀ (မြန်မာငွေ ၁၁ သိန်းဝန်းကျင်) ၊ 8GB/256GB ဗားရှင်းကို ယွမ် ၃၃၀၀ (မြန်မာငွေ ၁၃ သိန်းဝန်းကျင်) နဲ့ အမြင့်ဆုံး Premium Tier ဖြစ်တဲ့ RAM 12GB/512GB Storage ကို ယွမ် ၄၀၀၀ (မြန်မာငွေ ၁၄ သိန်းခွဲကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။