ကမ္ဘာ့ပထမဆုံး 200MP ကင်မရာဖုန်းပါ

တရုတ်ဈေးကွက်မှာ Moto X30 Pro နာမည်နဲ့ မိတ်ဆက်သွားတဲ့ ကမ္ဘာ့ပထမဆုံး 200MP ကင်မရာဖုန်းကို ဥရောပဈေးကွက်တွေမှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ 

Motorola Edge 30 Ultra နာမည်နဲ့ ဥရောပဈေးကွက်ထဲ ရောင်းချသွားမယ့် ဒီဖုန်းဟာ ကမ္ဘာပေါ်က အမြင့်ဆုံး Megapixel ကင်မရာ ဖြစ်တဲ့ 200MP ISOCELL HP1 1/1.22" sensor နဲ့လာတာ ဖြစ်ပါတယ်။ 200MP Sensor ဟာ Pixel ၄ ခု ဒါမှမဟုတ် ၁၆ ခုကို အုပ်စုဖွဲ့ပြီး ပိုကြီး Pixel ကြီးတစ်ခုအဖြစ် စုဖွဲ့ပေးမယ့် ChameleonCell pixel-binning နည်းပညာကို အသုံးပြုထားပါတယ်။





pixel တွေကို 2.56µm size နဲ့ 16-in-1 bining လုပ်ပြီး 12.5MP Resolution ကို Default ထုတ်ပေးနိုင်ပါတယ်။ pixel တစ်ခုချင်း 1.28μm နှုန်းနဲ့ဆို 50MP Stills ပုံတွေ ရိုက်ကူးနိုင်ပြီး 0.64μm pixel နဲ့ဆို 200MP ထွက်ပါတယ်။ ဒီ Main Camera ဟာ 8K Videos တွေကိုလည်း 30fps နှုန်းနဲ့ ဖမ်းယူနိုင်စွမ်း ရှိပါတယ်။ ဒီ Lens ရဲ့အရှေ့မှာ OIS ရုပ်ငြိမ်စနစ်နဲ့ f/1.95 aperture လည်း ပါရှိပါတယ်။ Moto X30 Pro ရဲ့ ကျောဘက်ကင်မရာအိမ်ထဲမှာ 200MP Main Sensor နဲ့အတူ 50MP Ultrawide Module နဲ့ 2x optical Zoom ဆွဲရိုက်နိုင်တဲ့ 12MP Sony IMX663 Telephoto တို့ ထည့်သွင်းထားပါတယ်။

50MP Sensor ကင်မရာဟာ Quad Pixel Technology နည်းပညာ ၊ ၁၁၄ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ စနစ် နဲ့ macro shots ရိုက်ကူးနိုင်တဲ့ Macro Vision နည်းပညာ အထောက်အပံ့ပေးထားပါတယ်။ Selfie ကင်မရာအနေနဲ့ ရှေ့ဘက် မှန်အလယ်အပေါ်ဘက် Punch-Hole Cutout ထဲမှာ ဧရာမ 60MP Selfie ကင်မရာတပ်ဆင်ထားပြီး Omnivision OV60a Sensor အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ကျောဘက်ကင်မရာဟာ 4K/30fps ဗွီဒီယို ၊ Ultra-Res Shooting Mode ၊ Dual Capture နဲ့ Pro (w/Long Exposure) mode တို့နဲ့ လာပါတယ်။ 

Motorola Edge 30 Ultra ဟာ မျက်နှာပြင်ဆိုဒ် ၆.၆၇ လက်မ FHD+ pOLED panel နဲ့ 144Hz Refresh Rate နဲ့ အမြင့်ဆုံးတောက်ပမှု 1250nits အထိ ပါရှိပါတယ်။ ၂၀၂၂ ခုနှစ်မော်ဒယ် Flagship ဖုန်းဖြစ်တဲ့အတိုင်း Motorola Edge 30 Ultra ဟာ နောက်ဆုံးပေါ် Snapdragon 8+ Gen 1 5G Chip ကိုမှ အမြင့်ဆုံး LPDDR5 RAM 12GB /512GB Storage အထိ ပါရှိပါတယ်။ Motorola Edge 30 Ultra ဟာ 4610 mAh ဘက်ထရီ ၊ 50W Wireless Charging စနစ်နဲ့လာပြီး 10W Wireless Power Sharing ၊ 125W TurboPower Wired Charging ပံ့ပိုးထားပါတယ်။ Motorola ရဲ့ အဆိုအရ ၇ မိနစ် အားသွင်းမယ်ဆိုရင် ၁၂ နာရီအထိ အသုံးခံနိုင်မယ်လို့ ဆိုပါတယ်။ 



တရုတ်နိုင်ငံမှာ မိတ်ဆက်သွားချိန်က 125W Wired Charging နဲ့ဆို ၇ မိနစ်အားသွင်းရုံနဲ့ ဘက်ထရီအား ၅၀% ဝင်မှာ ဖြစ်ပြီး ၁၉ မိနစ်အတွင်း ဖုန်းအားအပြည့်သွင်းပြီး ဖြစ်မယ်လို့ ကြေညာခဲ့ပါတယ်။ Motorola Edge 30 Ultra ကို Interstellar Black နဲ့ Starlight White နှစ်ရောင်နဲ့ ထွက်ထားပါတယ်။ ရေစိုဖုန်တင်မှုဒဏ်ကို IP52 Rating ၊ Dual Stereo စပီကာ နဲ့ Dolby Atmos နည်းပညာ ၊ ဖုန်းအဝင်ခေါ်ဆိုမှုနဲ့ Noti တွေ တက်လာတိုင်း မတူတဲ့ကာလာတန်းတွေတက်လာနိုင်မယ့် Edge Lights ၊ မှန်ပြင်အောက် လက်ဗွေလုံခြုံရေးနည်းပညာ ၊ Face Unlock နဲ့ 5G ဆက်သွယ်ရေးနည်းပညာတို့ ပါဝင်ပါတယ်။ 

Motorola Edge 30 Ultra ရဲ့ အနိမ့်ဆုံးမော်ဒယ် 128GB ဗားရှင်းကို ဥရောပဈေးကွက်မှာ ယူရို ၉၀၀ (မြန်မာငွေ သိန်း ၂၀ ကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က