ရီးရဲလ်မက်ဒရစ် ကစားသမား အမ်ဘာပေဟာ သူ (၂၀၁၃) ခုနှစ်တုန်းက ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တဲ့ အသင်းကို ပြန်လည်ဝယ်ယူဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ အမ်ဘာပေရဲ့ မိသားစု စီးပွားရေးက ပြင်သစ်ကလပ် ကိန်းကို ဝယ်ယူဖို့ ပြင်ဆင်နေတာပါ။
လိဂ် - ၂ အသင်းတစ်သင်းဖြစ်တဲ့ ကိန်းဟာ လက်ရှိမှာ အမေရိကန်ပိုင်ရှင်တွေလက်အောက်မှာ ရှိနေတာပါ။ ဒါပေမယ့်လည်း အဆိုပါအဖွဲ့အစည်းက ကိန်းကို ရောင်းချဖို့ ပြင်ဆင်နေပြီး အမ်ဘာပေရဲ့ အမေ အဓိက ဦးစီးနေတဲ့ စီးပွားရေးက ကိန်းကို ဝယ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
အမ်ဘာပေရဲ့ အမေ လာမာရီဟာ ကိန်းကို ဝယ်ယူဖို့အတွက် ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အမေရိကန်တွေဘက်ကလည်း ကိန်းကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အမ်ဘာပေဟာ ပြီးခဲ့တဲ့ (၂၁၀၃) မှာ ကိန်းကို ပြောင်းရွှေ့ဖို့ ပြင်ဆင်ခဲ့ပြီးမှ ကိန်းတို့ တန်းဆင်းသွားတာကြောင့် မိုနာကို,ကိုသာ ရောက်ရှိခဲ့တာပါ။
မိုနာကိုမှာတော့ အမ်ဘာပေက အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်ကို တက်လာနိုင်ခဲ့တာပါ။ အဲ့ဒီနောက် ပီအက်စ်ဂျီ၊ အခု နွေရာသီမှာ ရီးရဲလ်မက်ဒရစ်တို့ကို အသီးသီး ပြောင်းရွှေ့နိုင်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ဘောလုံးအသင်းတစ်သင်းကို ပိုင်ဆိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။