ပလေးအော့ကစားရမယ့်အသင်းစုစုပေါင်း ၁၀ သင်းအထိ ရှိကာ ပေါ်တူဂီ၊ စကော့တလန်၊ အီတလီ၊ ရုရှား၊ ဆွီဒင်၊ ပိုလန်၊ ဝေးလ်၊ မြောက်မက်ဆီဒိုးနီးယား၊ တူရကီနဲ့ ဖင်လန်တို့ဖြစ်ပါတယ်။
မြောက်အိုင်ယာလန်ကို သရေသာကစားနိုင်ခဲ့တဲ့နောက် ယူရိုချန်ပီယံအီတလီဟာ ကမ္ဘာ့ဖလားဝင်ပြိုင်ခွင့်ရဖို့အတွက် ပလေးအော့အဆင့်ကို ကစားရဖို့ရှိသွားခဲ့ပါတယ်။ အုပ်စုတွင်းမှာ ဆွစ်ဇာလန်နဲ့ အပြိုင်အဆိုင်ဖြစ်နေပြီး မြောက်အိုင်ယာလန်ကိုသာ အနိုင်ရခဲ့မယ်ဆိုရင် ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပေမယ့် သရေသာကစားနိုင်ခဲ့တာကြောင့် အီတလီတို့ နောက်တဆင့်ကို ကျော်ဖြတ်ရတော့မှာပါ။
ဆွစ်ဇာလန်ကတော့ ဘူဂေးလ်ရီးယားကို ၄ ဂိုးပြတ်အနိုင်ရသွားခဲ့လို့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ မန်စီနီအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရတာက အုပ်စုတွင်းမှာ ဆွစ်ဇာလန်ကို ၂ ကျော့စလုံးအနိုင်မရရှိခဲ့မှုပဲဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ကွင်းမှာ ဘူဂေးလ်ရီးယားကို သရေကျခဲ့တာကလည်း နစ်နာခဲ့ရပြီး သူတို့လည်းပဲ ပေါ်တူဂီလို ပလေးအော့အဆင့်ကနေသာ ဝင်ခွင့်ရဖို့ မျှော်လင့်ရတော့မှာဖြစ်ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်း ပလေးအော့အဆင့်မှာ ဆွီဒင်ကို ရှုံးနိမ့်ခဲ့လို့ အီတလီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။ အခုလည်း နောက်တစ်ကြိမ် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ရင်ဆိုင်ရနိုင်တဲ့ အနေအထားကို တွေ့ကြုံလာခဲ့ရတာဖြစ်ပါတယ်။ ပလေးအော့ကစားရမယ့်အသင်းစုစုပေါင်း ၁၀ သင်းအထိ ရှိကာ ပေါ်တူဂီ၊ စကော့တလန်၊ အီတလီ၊ ရုရှား၊ ဆွီဒင်၊ ပိုလန်၊ ဝေးလ်၊ မြောက်မက်ဆီဒိုးနီးယား၊ တူရကီနဲ့ ဖင်လန်တို့ဖြစ်ပါတယ်။
နည်းပြမန်စီနီကတေ့ာ "တကယ်စိတ်ပျက်စရာပါပဲ၊ ဘာလို့လဲဆိုတော့ ဒီပွဲမတိုင်ခင်ကတည်းက ကျွန်တော်တို့တွေ ခြေစစ်ပွဲကို အောင်မြင်ပြီးသားဖြစ်နေခဲ့သင့်တာပါ၊ အခုတော့ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ပြန်ပြီးရှာဖွေဖို့ပဲ လိုပါတော့တယ်" လို့ စိတ်ပျက်လက်ပျက်နဲ့ပြောဆိုသွားခဲ့ပါတယ်။ "ပလေးအေ့ာအဆင့်အတွက်
ကျွန်တော်ယုံကြည်ချက်ရှိပါတယ်၊ ကျွန်တော်တို့တွေ ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ကစားခွင့်ရပါလိမ့်မယ်" လို့လည်း သူကထပ်မံပြောကြားခဲ့ပါတယ်။