သူမပြောပြထားတာလေး ကြည့်လိုက်နော်။

သရုပ်ဆောင် ပိုင်ဖြိုးသုအနေနဲ့ ၂၀၁၈ ခုနှစ်ဟာ သူအတွက် ဘယ်လိုနှစ်မျိုးဖြစ်မလဲဆိုတာ သူမကိုယ်ကို သုံးသပ်ရင်း ယခုလို ပြောပြထားပါတယ်။

Now & Ever ကန်တော့ပွဲကို တက်ရောက်ခဲ့တဲ့ ပိုင်ဖြိုးသု



နှစ်တစ်နှစ်ကုန်ခါနည်း လူတိုင်းဟာ ကိုယ့်ရဲ့ တစ်နှစ်တာပတ်လုံး လုပ်ခဲ့သမျှ အရာတွေနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖြစ်ကြပါတယ်။ အဲ့လိုပဲ အနုပညာရှင်တိုင်းလည်း သူတို့အတွက် နှစ်တစ်နှစ်ကုန်ခါနည်းတိုင်း သူတို့ရဲ့ အနုပညာလှုပ်ရှား မှုတွေကို ပြန်ပြီး သုံးသပ်လေ့ရှိပါတယ်။ သရုပ်ဆောင် ပိုင်ဖြိုးသုအနေနဲ့ ၂၀၁၈ ခုနှစ်ဟာ သူအတွက် ဘယ်လိုနှစ်မျိုးဖြစ်မလဲဆိုတာ သူမကိုယ်ကို သုံးသပ်ရင်း ယခုလို ပြောပြထားပါတယ်။

Photo : Amazing Grace

"၂၀၁၈ ခုနှစ်က သုအတွက် စိတ်ညစ်ရတာတွေလည်း ရှိတယ်။ ပျော်ရတာတွေလည်း ရှိတယ်။ အလုပ်နဲ့ ပတ်သက်လို့လည်း ကားကောင်းလေးတွေ ရိုက်ခွင့်ရတယ်။ အရှေ့ပိုင်းမှာလည်းသုသုအတွက် ထူးထူးခြားခြား ဇာတ်ကောင်လေးတွေ ရိုက်ခွင့်ရတယ်။ မီရုံတင်ခွင့်ရတယ်။ သုအတွက ်ပျော်စရာတွေလည်း ရှိတယ်။ ပရိသတ်တွေကလည်း မီကို လက်ခံတာလည်းရှိတော့ အဲ့အတွက် ပျော်ရတာတွေလည်း ရှိသလို သုအတွက် ကိုယ်ချစ်တဲ့ခင်တဲ့သူတွေကို ဆုံးရှုံးရတာတွေလည်း ရှိတယ်။ ဆိုတော့ ၂၀၁၈ က သုအတွက် အတက်အကျ အရမ်းကြမ်းတဲ့နှစ်လို့ ပြောလို့ရတယ်။ " ဆိုပြီး ဒီဇင်ဘာ(၁၀) ရက်နေ့ ပြုလုပ်ခဲ့တဲ့ "Now & Ever " ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးနေ့မှာ ပြောပြခဲ့တာ ပါ။

 

Photo : Amazing Grace

ပိုင်ဖြိုးသုဟာ လက်ရှိမှာ မကြာခင် ရိုက်ကူးတော့မယ့် "Now & Ever" ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။ Now & Ever ရုပ်ရှင်ဇာတ်ကားမှာ ဒါရိုက်တာ ခရစ္စတီးနားခီ၊ သရုပ်ဆောင် ဇဏ်ခီတို့နဲ့အတူ လက်တွဲတော့မယ့် ပိုင်ဖြိုးသုဟာ အဲ့ဒီဇာတ်ကားရိုက်ကူးဖို့အတွက် လေးလနည်းပါးအချိန်ပေးထားတယ်လို့ သိရပါတယ်။ Now & Ever ဇာတ်ကားအတွက် အားလုံးက သေချာပြင်ဆင်ထားသလို သူမရဲ့ ဇာတ်ကောင်စရိုက် ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး Duwun Media သို့ ယခုလို ပြောပြခဲ့ပါတယ်။

Photo : Amazing Grace

"Now & Ever အတွက် က သုတို့ တစ်ဖွဲ့လုံး သေချာပြင်ဆင်ထားတယ်။ ဇာတ်ကောင်စရိုက်ကို ရင်ထဲရောက်အောင် ပြင်ဆင်ရတယ်။ ပြင်ဆင်ရတာက ဇာတ်ကောင်စရိုက်ပဲကျန်တာက သူတို့အကုန်ပံ့ပိုးတယ်။ သုက ရှုတင်ကို သရုပ်ဆောင်တဲ့ စိတ်ကလေးပဲ ထည့်ပေးရုံပဲ။ ကျန်တာအကုန်လုံးကို production Team က စီစဉ်ပေးတယ်။ဒီဇာတ်ကားရိုက်ဖို့အတွက် သုလေးလလောက် အချိန်ပေးထားပါတယ်။ " လို့ ဒီဇင်ဘာ(၁၀) ရက်နေ့က ပြုလုပ်တဲ့ "Now & Ever " ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးနေ့မှာ ပြောပြခဲ့တာ ပါ။

Photo : Amazing Grace

ပိုင်ဖြိုးသုဟာ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာရင်း ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများလည်း ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီနောက် ဘီလူးမ၊သရဲမနှင့် မိန်းမပျို ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကိုလည်း ပိုင်ဖြိုးသု က ဆွတ်ခူး နိုင်ခဲ့ပါတယ်။

ပိုင်ဖြိုးသု က ဇွန်လအတွင်းမှာ သူ့ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ခဏရပ်နားခဲ့ပါသေးတယ်။ အခုချိန်မှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေပြိလို့ သိရပါတယ်။ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဗစ်တိုးရီးယားရုပ်ရှင်ထုတ်လုပ်ရေးနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်ရိုက်ဖို့ရှိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က