သုံးနှစ်စာဆုများကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉၊ ၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ်များအတွက် သုံးနှစ်စာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို မေလ ၆ ရ်နေ့ ညနေက နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီဆု ၉ ဆု၊ ၂၀၂၀ ပြည့်နှစ်အတွက် အကယ်ဒမီဆု ၉ ဆုနဲ့ ၂၀၂၂ နှစ်အတွက် အကယ်ဒမီဆု ၄ ဆုတို့ကို အောက်ပိုင်းအတိုင်း ပေးအပ်ခဲ့ပါတယ်။

၂၀၁၉ အတွက် ဆုရရှိသူများစာရင်း

အမျိုးသားဇာတ်​ဆောင်ဆု  - မြင့်မြတ် (ရိုးမ​ပေါ်ကျတဲ့မျက်ရည်)

အမျိုးသမီးဇာတ်​ဆောင်ဆု- အိန္ဒြာ​ကျော်ဇင် (ဟစ်တိုင်)

အမျိုးသားဇာတ်ပို့ဆု  - ရွှေထူး (ဒဏ္ဍာရီမိုး)

အမျိုးသမီးဇာတ်ပို့ဆု  - ခင်ဝင့်ဝါ  (လှပ်၍လွင့်​သော)

ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆု - အာကာတိုး (ဒဏ္ဍာရီမိုး)

ရုပ်ရှင်တေးဂီတဆု - ကျော်ကျော်ထွန်း (နို့ဘီလူး)

ရုပ်ရှင်အသံဆု - ဦးကြည်မင်းသိန်း (၁၀၁၄)

ရုပ်ရှင်တည်းဖြတ်ဆု - ဂျီသရီး၊​ကျော်ခိုင်စိုး (၁၀၁၄)

ရုပ်ရှင်ဇာတ်ညွှန်းဆု - ​မောင်မြတ်​ဆွေ (နိုင်ငံကြီးသား) 

၂၀၂၀  အတွက် ဆုရရှိသူများစာရင်း

အမျိုးသားဇာတ်​ဆောင်ဆု  - စိုင်းစိုင်းခမ်းလှိုင် (ပိ​တောက်ကတဲ့ဂီတ) 

အမျိုးသမီးဇာတ်​ဆောင်ဆု - စိုးပြည့်သဇင်(​ရွှေမင်းသမီး)

ရုပ်ရှင်ဒါရိုက်တာဆု - ဒါရိုက်တာ မီးပွား (ပိ​တောက်ကတဲ့ဂီတ) 

ရုပ်ရှင်ဇာတ်ကားဆု -  Frenzo Production (ပိ​တောက်ကတဲ့ဂီတ)

အမျိုးသားဇာတ်ပို့ဆု -  အုန်းသီး(​သောင်းထိုက်ကကြား​စေသား)  

အမျိုးသမီးဇာတ်ပို့ဆု  - မေသဥ္ဇာဦး (ရွှေမင်းသမီး)

ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆု - ဖြိုးကျော် (ပိတောက်ကတဲ့ဂီတ)

ရုပ်ရှင်တေးဂီတဆု - အောင်ကိုလတ် (ဂန္ဓဗ္ဗ)

ရုပ်ရှင်ဝတ်စားဆင်ယင်မှုဆု - ​ဌေး​ဌေးတင်နှင့်အဖွဲ့   (ကမ္မဖလ)


၂၀၂၂  အတွက် ဆုရရှိသူများစာရင်း

အမျိုးသားဇာတ်​ဆောင်ဆု - ​ပြေတီဦး (လိပ်ပြာ​ထောင်​ချောက်)

အမျိုးသမီးဇာတ်​ဆောင်ဆု - ​ရွှေမှုံရတီ (​ဝေးမ​နေချင်ဘူး) 

ရုပ်ရှင်ဇာတ်ကားဆု - ​Triple Six Movie Production & Distribution (ဝေးမ​နေချင်ဘူး)

ရုပ်ရှင်တည်းဖြတ်ဆု - ကြည်သာ (လိပ်ပြာ​ထောင်​ချောက်)


ဒီနှစ်အကယ်ဒမီဆုပေးပွဲမှာ ဆိုရင် စိုင်းစိုင်းခမ်းလှိုင်၊ ရွှေထူးနဲ့ ရွှေမှုံရတီဇနီးမောင်နှံ၊ ခင်ဝင့်ဝါ နဲ့ ဟာသသရုပ်ဆောင် အုန်းသီးတို့အတွက် ပထမဆုံးအကယ်ဒမီဆုကို ရရှိတဲ့ နှစ်ဖြစ်ပါတယ်။ 

နောက်ထပ် ထူးခြားမှုတစ်ခုကတော့ ၂၀၂၀ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ‘ပိတောက်ကတဲ့ ဂီတ’က ဆုကြီးများတဲ့ အမျိုးသားဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု၊ ဇာတ်ကားဆုနဲ့ ဓာတ်ပုံဆုတို့ကို ရရှိကာ  တစ်နှစ်တာပေးအပ်တဲ့ ဆု ၉ ဆုထဲမှ ၄ ဆု သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Frenzo Production က ထုတ်လုပ်တဲ့ ရုပ်ရှင်လည်းဖြစ်လို့ ဒီနှစ်မှာ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုငက ပထမဆုံးအကယ်ဒမီဆုရတဲ့အပြင် ထုတ်လုပ်သူအနေနဲ့  ဇာတ်ကားဆုကိုပါ ပူးတွဲရရှိသွားပါတယ်။

အ​ကောင်းဆုံး၀တ်စားဆင်ယင်မှုဆု (အမျိုးသမီး) ရရှိခဲ့တဲ့ မိုး​ဟေကို

သုံးနှစ်စာအတွက် အကယ်ဒမီ စုစုပေါင်း ၂၂ ဆုအပြင် ပွဲတက်လာသူများထဲမှလည်း အ​ကောင်းဆုံးပွဲတက်ဝတ်စားဆင်ယင်မှုဆုများကို ယခုနှစ်မှာ ပေးအပ်ခဲ့ပြီး အ​ကောင်းဆုံး၀တ်စားဆင်ယင်မှု အကြီးတန်းဆု (အမျိုးသား) ကို ထပ်ဆင့်အကယ်ဒမီရန်​အောင်၊ အ​ကောင်းဆုံးဝတ်စားဆင်ယင်မှု အကြီးတန်းဆု (အမျိုးသမီး)ကို ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာ၊ ၊အ​ကောင်းဆုံး၀တ်စားဆင်ယင်မှုဆု (အမျိုးသား)ကို  ​အောင်ရဲလင်းနဲ့ အ​ကောင်းဆုံး၀တ်စားဆင်ယင်မှုဆု (အမျိုးသမီး)ကို မိုး​ဟေကိုတို့မှ ရရှိခဲ့ပါတယ်။

နှစ်စဥ်ကျင်းပတဲ့ အကယ်ဒမီဆုပေးပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ ကျင်းပပြလုပ်ခဲ့ပြီးတဲ့နောက် ၂၀၂၀ ခုနှစ်မှာတော့ ကိုဗစ် ၁၉ ကပ်ရောဂါကြောင်း အကယ်ဒမီပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့သလို ၂၀၂၁ နဲ့ ၂၀၂၂ တွေမှာလည်း မကျင်းပနိုင်ခဲ့ပြီး ယခု ၂၀၂၃ မှာတော့  သုံးနှစ်စာ စုပေါင်း ကျင်းပရခြင်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က