ကမ္ဘာ့အကောင်းဆုံး Dota2 Midlaner ထဲကတစ်ဦးဖြစ်တဲ့ Sumail ဟာ ၂၀၁၉ နှစ်ကုန်တဲ့အထိ အေးအေးဆေးဆေး အနားယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး Dota2 Midlaner ထဲကတစ်ဦးဖြစ်တဲ့ Sumail ဟာ Quincy Crew ကနေ ထွက်ခွာလာအပြီးမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမားတစ်ဦးပါ။ သူဘယ်အသင်းကိုရောက်မယ်ဆိုတာကို ပရိသတ်တော်တော်များများက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ပေမယ့် သူကတော့ ၂၀၁၉ နှစ်ကုန်တဲ့အထိ အေးအေးဆေးဆေးအနားယူသွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

         

         Sumail ဟာ အသက် ၁၅ နှစ်အရွယ်မှာ Evil Geniuses အသင်းကိုရောက်ရှိလာခဲ့ပြီး သိပ်မကြာခင်မှာပဲ Evil Geniuses နဲ့အတူ ၂၀၁၅ ခုနှစ်ရဲ့ အကြီးမားဆုံး Dota2 ပြိုင်ပွဲတွေဖြစ်တဲ့ DAC 2015 နဲ့ TI5 တို့မှာ ဆက်တိုက်ဗိုလ်ဆွဲခဲ့ပါတယ်။ အဲဒီမှာ Sumail ဟာ The International ပြိုင်ပွဲကို ပထမဦးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ အသက်အငယ်ဆုံးကစားသမား စံချိန်ကိုချိုးခဲ့တဲ့အပြင် ကမ္ဘာ့အကောင်းဆုံး Midlaner ထဲကတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ သူ့ရဲ့အိမ်လို့ပြောရမယ့် Evil Geniuses နဲ့အတူ ၄ နှစ်ကျော်အကြာဖြတ်သန်းခဲ့ပြီး နောက်ဆုံးကျင်းပခဲ့တဲ့ TI9 မှာ ထင်သလောက်ဖြစ်မလာခဲ့တာကြောင့် အသင်းမှထွက်ခွာကာ တစ်ကိုယ်တည်းခရီးဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။




         Evil Geniuses အလွန် Sumail တိုက်ပွဲဝင်ဖို့ရွေးချယ်ခဲ့တဲ့အသင်းကတော့ သူ့အစ်ကို Yawar တို့ပါဝင်တဲ့ Quincy Crew ပါ။ Quincy Crew မှာ Sumail တစ်ယောက် Competitive မြင်ကွင်းမှာ မဆော့ခဲ့ဖူးတဲ့ Carry Role ကိုပြောင်းကာ ကစားခဲ့ပါတယ်။ North America က Tier 2 ကစားသမားလေးဦးပါဝင်တဲ့ Quincy Crew ဟာ Sumail အတွက်တော့အလုပ်မဖြစ်ခဲ့ဘူးလို့ ဆိုရမှာပါ။

2019-2020 DPC Season ရဲ့ပထမဦးဆုံး Major Qualifier မှာ NA အတွက် Slot ၃ ခုတောင်ပေးခဲ့ပေမယ့် ဝင်ခွင့်မရခဲ့ဘဲ Minor ကိုသာဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Sumail တစ်ယောက် Minor ပြိုင်ပွဲဖြစ်တဲ့ Dota Summit 11 ကိုတောင် ဝင်ရောင်မယှဉ်ပြိုင်တော့ဘဲ Quincy Crew ကနေ ထပ်မံထွက်ခွာခဲ့ပါတယ်။


         Sumail ဟာ ၂၀၂၀ ခုနှစ်အထိ အနားယူဦးမယ်ဆိုတာကြောင့် နောက်ထပ် DPC အမှတ်ပေးမယ့် Major/Minor ပွဲတစ်ပွဲကိုလက်လွှတ်ရဦးမှာပါ။ 2019-2020 DPC Season ရဲ့ဒုတိယမြောက် Major/Minor ပြိုင်ပွဲတွေကို ဒီဇင်ဘာလမှာကျင်းပမှာဖြစ်ပြီး Sumail ကိုတော့ DPC Season ရဲ့ တတိယမြောက် Major/Minor လောက်မှ ပြန်လည်တွေ့မြင်ရဖို့ရှိနေတာပဲ ဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က