နာမည်ကျော် သရုပ်ဆောင် မျိုးစန္ဒီကျော်ဟာ ယခင်အိမ်ထောင်နဲ့ ကွာရှင်းခဲ့ပြီးနောက် ငယ်ချစ်ဟောင်းဖြစ်သူ ဇာတ်ညွှန်း ကိုအောင်ကြီးနဲ့ လက်တွဲနေပြီလို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်မှာ အိမ်ထောင်ကွာရှင်းခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်ကစလို့ လက်ရှိချစ်သူနဲ့ ပြန်လည် လက်တွဲခဲ့တာ ဖြစ်တယ်လို့ မျိုးစန္ဒီကျော်က ပြောပါတယ်။
Photo- Myo Sandy Kyaw FB
နားလည်မှုတွေ၊ သည်းခံခြင်းတွေနဲ့ တည်ဆောက်ထားရတဲ့ အပြင် သမီးလေးရဲ့ ဆန္ဒကိုပါ ထည့်သွင်းစဉ်းစားခဲ့ရတဲ့အကြောင်းနဲ့ သူက အခုလို ပြန်ပြောပါတယ်။
"အစ်မ အိမ်ထောင်ကွဲတာက ၂၀၁၆ခု နှစ်မှာပေါ့။ အခုကတော့ သူနဲ့တွဲနေတာ ၂၀၁၉ခု နှစ်ကပါ။ အစ်မကသမီးလေးတစ်ယောက်အမေလည်းဖြစ်တော့ အစစအရာရာစဉ်းစားဆင်ခြင်ရတယ်။ သမီးလေးက တခြားယောကျာ်းတွေနဲ့သာသဝန်တိုအူတိုတာ၊ သူနဲ့တော့ သဘောတူတဲ့အတွက် သမီးလေးက အိုကေ လို့ အိုကေလိုက်တဲ့ကိစ္စတွေပါ"လို့ မျိုးစန္ဒီ ကျော်က လက်ရှိ လက်တွဲဖေ်နဲ့ပတ်သက်ပြီးပြောပြလာပါတယ်။
Photo- Myo Sandy Kyaw FB
ဇာတ်ညွှန်းရေးဆရာ ကိုအောင်ကြီးနဲ့က ယခင်ကာလတွေ ကတည်းက ခင်မင်ရင်းနှီးရတဲ့မိတ်ဆွေ တွေဖြစ်ပြီး ဖူးစာမှန်လို့ တွဲ ဖြစ်ခဲ့တာပါလို့ လည်းမျိုးစန္ဒီ ကျော်က ပြောပါတယ်။
" သူကအရမ်းတော်တယ်။ ပညာတတ်တယ်။ ပြီးတော့ အရမ်းလည်းဆိုးခဲ့တယ်။ စိတ်မရှည်တတ်တာပေါ့နော်။ အဲ့ဒါအစ်မတို့သားအမိနဲ့တွေ့ပြီးတော့မှ ပြောင်းလဲတတ်လာတာမျိုးပါ " လက်ရှိချစ်သူအကြောင်းကို ရှင်းပြပါတယ်။
သရုပ်ဆောင် မျိုးစန္ဒီကျော်မှာတော့ ချစ်စရာကောင်းလွန်းလှတဲ့ Jewel ဆိုတဲ့သမီးလေးတစ်ဦးရှိပြီးအခုဆိုရင် အသက် ၇ နှစ် ကျော်ရှိပြီဖြစ်ပြီး ILBC မှာပဲ Pre School တက်နေတာပဲ ဖြစ်ပါတယ်။ အကမှာလည်း ထူးချွန် တဲ့ Jewel လေးက အကသင်တန်းတက်ပြီးကပြတဲ့ ဗီဒီယို လေးကလည်းပရိသတ်တွေကြား ရေပန်းစားခဲ့ပါသေးတယ်။