Cryptocurrency နဲ့ ချမ်းသာသူတွေကို အမေရိကရဲ့ အချမ်းသာဆုံးလူ ၄၀၀ စာရင်းမှာ မျက်နှာသစ်အနေနဲ့ ထည့်သွင်းဖော်ပြလာကြပါတယ်။
Forbes ရဲ့ လူချမ်းသာစာရင်း Forbes 2021 List မှာ Crypto နဲ့ ချမ်းသာကြွယ်ဝလာတဲ့ ဘီလျံနာတွေရဲ့နာမည်တွေ တွေ့လာတာပါ။ အချမ်းသာဆုံးအမေရိကန်စာရင်းမှာ ပါတဲ့ ဘီလျံတွေထဲမှာ အသက် ၃၀ အောက် အချမ်းသာဆုံးဘီလျံနာတစ်ဦးဖြစ်တဲ့ ဘန့်ခ်မန်း ဖရိုင်းလည်း ပါပါတယ်။ အသက် ၂၉ နှစ်အရွယ် ဘန့်ခ်မန်း ဖရိုင်းဟာ cryptocurrency exchange တစ်ခုဖြစ်တဲ့ FTX တည်ထေင်သူနဲ့ CEO လည်း ဖြစ်ပါတယ်။
Crypto ဘီလျံနာစာင်းမှာ အသက်အငယ်ဆုံးနဲ့ အချမ်းသာဆုံးလည်း ဖြစ်ပြီး အသက် ၄၀ အောက် လူလတ်တန်း Crypto ဘီလျံနာ ၂ ဦးဖြစ်တဲ့ ဘရိုင်ယန် အန်းမ်စထရောင်း (၃၈နှစ်) နဲ့ ဖရက်ဒ် အားဆန် (၃၃နှစ်) တို့လည်း Forbes List မှာ ပါလာပါတယ်။ Crypto ဘီလျံနာ ၇ ဦးပေါင်း ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၅၅ ဘီလျံကျော် ရှိပါတယ်။ ပိုင်ဆိုင်မှု အများကနေ အနည်းအလိုက် စီထားတဲ့ Crypto ဘီလျံနာ ၇ ဦးအကြောင်း ကြည့်လိုက်ရအောင်ပါ။
(၁) ဆမ် ဘန့်ခ်မန်းဖရိုင်း
Photo: forbesindia
ဘန့်ခ်မန်းဖရိုင်းက Forbes 2021 List မှာ ဖော်ပြခံရတဲ့ Crypto ဘီလျံနာ ၇ ဦးမှာ အချမ်းသာဆုံးပါပဲ။ သူထောင်ထားတဲ့ Crypto Exchange ကုမ္ပဏီ FTX မှာ တလောကပဲ ရံပုံငွေ ဒေါ်လာသန်း ၉၀၀ ရခဲ့တာကြောင့် သူ့ရဲ့ ပိုင်ဆိုင်မှုဟာ နှစ်ဆကျော်တက်လာပြီး ဒေါ်လာ ၂၂.၅ ဘီလျံအထိ ရှိလာခဲ့တာပါ။ လက်ရှိမှာ FTX ရဲ့ လုပ်ငန်းတန်ဖိုးဟာ ဒေါ်လာ ၁၈ ဘီလျံ တန်နေပါတယ်။
(၂) ဘရိုင်ယန် အန်းမ်စထရောင်း
Photo: CNBC
အမေရိကန်ရဲ့ အကြီးဆုံး Crypto Exchange ကြီးတစ်ခုဖြစ်တဲ့ Coinbase ရဲ့ ပူးတွဲတည်ထောင်သူ ဘရိုင်ယန်အန်းမ်စထရောင်းက ဒုတိယအချမ်းသာဆုံး အမေရိကန် Crypto ဘီလျံနာ ဖြစ်ပါတယ်။ Coinbase မှာ ရှယ်ယာ ၁၉% ပိုင်ဆိုင်ထားပြီး ခန့်မှန်းခြေ ဒေါ်လာ ၁၁.၅ ဘီလျံ ချမ်းသာသူလည်း ဖြစ်ပါတယ်။
(၃) ခရစ္စ လာဆင်
Photo: The Business Journal
အသက် ၆၁ နှစ်အရွယ် လာဆင်ဟာ Crypto Payment protocol နဲ့ Exchange Network ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ripple ရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Forbes ရဲ့ အချမ်းသာဆုံးစာရင်းမှာ ပါတဲ့ တစ်ဦးတည်းသော Crypto ဘီလျံနာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အသားတင်ကြွယ်ဝမှုက ခန့်မှန်းခြေ ဒေါ်လာ ၆ ဘီလျံ ရှိပါတယ်။
(၄)နဲ့ (၅) ကင်မရွန်း vs တိုင်လာ ဝင်ကယ်ဗော့စ်
Photo: forbes
ဒီနှစ်ယောက်ကတော့ Facebook စပြီး တည်ထောင်ချိန်မှာ အစောဆုံး ပါဝင်ခဲ့သူတွေအဖြစ် ထင်ရှားပါတယ်။ ဝင်ကယ်ဗော့စ် အမွှာညီအစ်ကိုနှစ်ဦးဟာ Crypto Exchange လုပ်ငန်းတစ်ခုဖြစ်တဲ့ Gemini ကို တည်ထောင်သူတွေ ဖြစ်ပြီး တစ်ဦးကို ဒေါ်လာ ၄.၃ ဘီလျံစီ ပိုင်ဆိုင်ကြပါတယ်။
(၆) ဖရက်ဒ် အက်ချ်ဆမ်
Photo: The Standard
အန်းမ်စထရောင်းနဲ့အတူ Coinbase ကို ပူးတွဲတည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ်တဲ့ အက်ချ်ဆမ်ဟာ ၂၀၁၇ မှာ Coinbase ကို စွန့်ခွာကြောင်း ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက ထွက်ခဲ့ပေမယ့် သူဟာ Coinbase ရဲ့ ဘုတ်အဖွဲ့ဝင်အဖြစ် ဆက်ရှိနေဆဲ ဖြစ်ပြီး Coinbase စတော့ခ်ရဲ့ ၈.၉% ကို ပိုင်ဆိုင်ပါတယ်။ ၂၀၁၈ မှာ Paradigm နာမည်နဲ့ Cryptocurrency ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတစ်ခုကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ အက်ချ်ဆမ်ရဲ့ ခန့်မှန်း အသားတင်ပိုင်ဆိုင်မှုက ဒေါ်လာ ၃.၅ ဘီလျံခန့်ရှိပါတယ်။
(၇) ဂျက်ဒ်မက်စ်ကလက်ဘ်
Photo: Latest NewsPlus
မက်စ် ကလက်ဘ်ကလည်း Ripple ရဲ့ ပူးတွဲတည်ထောင်သူဖြစ်ပြီး ဒီအရင်က ပထမဆုံးအဓိကရ Bitcoin Exchange တစ်ခုဖြစ်တဲ့ Mt.Gox ကို ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ Mt.Gox ကို ၂၀၁၁ မှာ ဂျပန်မှာ နေထိုင်တဲ့ ပြင်သစ် Developer Mark Karpeles ကို ရောင်းချခဲ့ပါတယ်။ Mt.Gox ကို လက်လွှဲပြီး သုံးလလောက်အကြာမှာ အကောင့်ပေါင်း ၄၇၈ ခုဆီက BTC 25000 (အဲ့ဒီအချိန်က ဒေါ်လာ ၄ သိန်းဖိုးတန်) တဲ့ Bitcoin တွေ ခိုးခံခဲ့ရပါတယ်။ မက်စ် ကလက်ဘ်ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ခန့်မှန်းဒေါ်လာ ၃ ဘီလျံခန့် ရှိပါတယ်။
Share