Cryptocurrency အလိမ်အညာတွေကလည်း ကြောက်စရာကောင်းအောင် များလာနေပါတယ်

ပြီးခဲ့တဲ့နှစ်အတွင်း လူမှုကွန်ရက်ပေါ်က လူလိမ်တွေရဲ့ သားကောင်ဖြစ်သွားသူ ၉၅၀၀၀ ကျော်အထိ ရှိခဲ့ပြီး လိမ်လည်ခိုးယူခဲ့တဲ့ငွေတန်ဖိုးဟာ ၂၀၂၀ ကထက် နှစ်ဆကျော် ပိုများခဲ့တယ်လို့ ဆိုပါတယ်။ 

ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် FTC ရဲ့ အစီရင်ခံစာထဲမှာ ၂၀၂၁ ခုနှစ်ဟာ လူမှုကွန်ရက်ပေါ်က Scam တွေ လုပ်ပြီး လိမ်ညာကြသူတွေအတွက် ပိုက်ဆံသဲ့ယူလောက်အောင် မြတ်ခဲ့တဲ့နှစ်လို့ ဖော်ပြထားပါတယ်။ FTC အချက်အလက်တွေအရ လူမှုကွန်ရက်ပလက်ဖောင်းမျိုးစုံပေါ်က လူပေါင်း ၉၅၀၀၀ ဟာ Scammers တွေရဲ့ သားကောင်ဖြစ်သွားကြပြီး Scammers တွေဟာ ‌စုစုပေါင်း ဒေါ်လာသန်း ၇၇၀ ကျော်ဖိုး ခိုးယူသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ 



Photo: TechCrunch


ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ Scammers တွေဟာ လူမှုကွန်ရက်ပေါ်မှာ လိမ်လည်လှည့်ဖျားမှုတွေ လုပ်ပြီး ဒေါ်လာ ၂၅၈ သန်း ခိုးယူသွားခဲ့တာနဲ့ ယှဉ်မယ်ဆိုရင် ဒါဟာ နှစ်ဆကျော်မက များပြားလှတဲ့ ပမာဏဖြစ်နေပါတယ်။ ၂၀၁၇ ခုနှစ်က မှတ်တမ်းတွေနဲ့ ယှဉ်ကြည့်ရင် ၈ ဆကျော် ပိုများလာတာလို့လည်း ဆိုပါတယ်။ ဒါတောင် လူမှုကွန်ရက်ပေါ်မှာ Scam မိသွားကြောင်း တိုင်ကြားတဲ့ အချက်အလက်တွေပေါ် အခြေခံတွက်ချက်ထားတဲ့ ဆုံးရှုံးငွေပမာဏဖြစ်လို့ တကယ်တမ်း ဆုံးရှုံးမှုက ဒီထက်ပိုများနိုင်ပါတယ်။ 

Scammer တွေဟာ လူမှုကွန်ရက်ပလက်ဖောင်းတွေပေါ်မှာ ကြော်ငြာ ၊ ပို့စ်နဲ့ မက်ဆေ့တွေကနေ လိမ်လည်မှု လုပ်ခဲ့တာပါ။ Scammers တွေအတွက် လူမှုကွန်ရက်တွေဟာ လိမ်ဖို့ အကောင်းဆုံးနေရာတစ်ခုလို ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း Scam ကြောင့် အလိမ်ခံလိုက်ရကြောင်း တိုင်ကြားမှု မြင့်တက်လာခဲ့ပြီး အခုနောက်ပိုင်းမှာ Cryptocurrency ရင်းနှီးမြှပ်နှံဖို့ဆိုတဲ့ မက်လုံးတွေနဲ့ လိမ်တာတွေ ပိုများလာခဲ့တယ်လို့ ဆိုပါတယ်။ 

Cryptocurrency မက်လုံးတွေ ပေးပြီး လိမ်တဲ့ ပမာဏဟာ ၂၀၂၁ ခုနှစ်က လူမှုကွန်ရက်အလိမ်အညာတွေကြောင့် ဆုံးရှုံးခဲ့တဲ့ ဒေါ်လာသန်း ၇၇၀ ရဲ့ ၃ ပုံ၁ ပုံကျော် (ဒေါ်လာ ၂၈၅ သန်း) နီးပါးအထိ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ FTC ရဲ့ အစီရင်ခံစာမှာ Facebook နဲ့ Instagram တို့ဟာ Social Media Scammer တွေ အများဆုံး ကျင်လည်ကျက်စားကြတဲ့ ပလက်ဖောင်းလို့ ဖော်ပြထားပါတယ်။ 

Photo: petapixel



FTC ရဲ့ အဆိုအရ Scam အစီရင်ခံမှု ၁၀ ခုမှာ ၉ ခုက ဒီ Apps နှစ်ခုကို ဖော်ပြနေကြတယ်လို့ ဆိုပါတယ်။ Scammers တွေအနေနဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေပေါ်က ကြော်ငြာရှင်တွေအတွက် ထုတ်ပေးထားတဲ့ Tools တွေကို အလွယ်တကူသုံးပြီး သူတို့ပစ်မှတ်ထားတဲ့ လူတွေကို အသက်အရွယ် ၊ စိတ်ဝင်စားမှုနဲ့ အရင်ဝယ်ယူတဲ့မှတ်တမ်းတွေလိုမျိုး အချက်အလက်တွေပေါ်အခြေခံပြီး အကွက်ဆင်ထားတဲ့ ကြော်ငြာ Ads အတုတွေနဲ့ စနစ်တကျ ပစ်မှတ်ထားလာတယ်လို့ FTC က ပြောပါတယ်။ 

လူမှုကွန်ရက်သုံးစွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ Privacy Settings ထဲမှာ လိုအပ်တဲ့ပြောင်းလဲမှုတွေ လုပ်ဖို့ FTC က တိုက်တွန်းထားသလို လူမှုကွန်ရက်ပေါ်က မက်လုံးတွေနဲ့ ပိုက်ဆံတောင်းတဲ့ မက်ဆေ့ချ်တွေကို မယုံကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က