လျှပ်စစ်စကူတာ မတော်တဆမှုတွေဟာ အဆပေါင်းများစွာ မြင့်တက်လာခဲ့တာလို့ ဆိုရမှာပါ။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ e-Scooter တွေပါဝင်တဲ့ ယာဉ်တိုက်မှုဟာ တစ်နှစ်ထက်တစ်နှစ် စံချိန်တင်မြင့်တက်လာနေတယ်လို့ အချက်အလက်တွေက ဖော်ပြနေကြပါတယ်။ 

BBC သတင်းအရ ၂၀၂၁ ဇန်နဝါရီနဲ့ ဇွန်လ ၆ လစာအတွင်း လျှပ်စစ်စကူတာ တိုက်မှုပေါင်း ၂၅၈ မှုအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၀ တစ်နှစ်လုံးမှာမှ စကူတာတိုက်မှုပေါင်း ၂၆၆ မှု ဖြစ်ပွားခဲ့တာနဲ့ စာရင် ဒါဟာ စံချိန်တင် မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။ ကိန်းဂဏန်းတွေအရ ၂၀၁၉ ခုနှစ်မှာ အလားတူ စကူတာတိုက်မှု ၃၈ မှုနဲ့ ၂၀၁၈ မှာ ၉ မှုပဲ ရှိခဲ့တာ ဖြစ်လို့ နှစ်အလိုက် လျှပ်စစ်စကူတာ မတော်တဆမှုတွေဟာ အဆပေါင်းများစွာ မြင့်တက်လာခဲ့တာလို့ ဆိုရမှာပါ။



Photo: independent



မြို့တော်ရဲတပ်ဖွဲ့ MPS ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီနဲ့ နိုဝင်ဘာလအတွင်း အများပိုင်နေရာတွေမှာ တရားမဝင် စီးနင်းမှုနဲ့ ပုဂ္ဂလိကပိုင် e-Scooter ပေါင်း ၃၆၃၇ စီးကို ဖမ်းဆီးခဲ့ကြပါတယ်။ ယူကေမှာ အများပိုင်မြေနေရာမှာ ပုဂ္ဂလိက e-Scooter အသုံးပြုမှုကို ပိတ်ပင်ထားပြီး စည်းကမ်းချိုးဖောက်ပါက ပေါင်၃၀၀ အထိ ဒဏ်ရိုက်နိုင်သလို ယာဉ်မောင်းလိုင်စင်ပေါ် ဒဏ်ကြေးသတ်မှတ်တာမျိုးလည်း လုပ်နိုင်တယ်လို့ ဆိုပါတယ်။ 


မီးလောင်နိုင်ခြေမြင့်မားတဲ့ e-Scooter နဲ့ e-Unicycles တွေကို သူ့ပိုင်ကွန်ရက်များအတွင်း သယ်ဆောင်လာခြင်းကို ဒီဇင်ဘာလထဲမှာ လန်ဒန်သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်း TfL က ပိတ်ပင်ခဲ့ပါတယ်။ ၂၀၂၁ ထဲမှာပဲ လန်ဒန်မီးသတ်တပ်ဖွဲ့ဟာ ဘက်ထရီချို့ယွင်းချက်ကြောင့် e-Scooter နဲ့ e-Bike မီးလောင်မှု ၅၀ ကျော်ကို ငြိမ်းသတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၂၂ ဇွန်လအထိ TfL ရဲ့ e-Scooter အငှားဝန်ဆောင်မှုအစမ်းအစီအစဉ် လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ TfL ရဲ့ e-Scooter အငှားဝန်ဆောင်မှုဟာ အမြင့်ဆုံး တစ်နာရီ ၁၂ မိုင်နှုန်းနဲ့ ကန့်သတ်ထားပြီး ဘေးကင်းစေဖို့ တခြားလုပ်ဆောင်ချက်တွေလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ အသက် ၁၆ နှစ်အရွယ် ရှေးလ်အလက်ဇန္ဒားဆိုသူ e-Scooter စီးတဲ့ လူငယ်တစ်ဦးဟာ ကားနဲ့ တိုက်မိပြီး ကွယ်လွန်ခဲ့ပါတယ်။ အလက်ဇန္ဒားဟာ ၂၀၂၁ ဇွန်လအထိ ၁၂ လကျော်အတွင်း ယူကေနိုင်ငံe-Scooter ယာဉ်တိုက်မှုတွေထဲမှာ အသက်ဆုံးခဲ့တဲ့ လူသုံးဦးအနက် တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က