အရင်က NPPA ဟာ တစ်လကို ဂိမ်းသစ် ၈၀ ကနေ ၁၀၀ အထိ ခွင့်ပြုချက်လိုင်စင် ထုတ်ပေးနေတာ ဖြစ်ပါတယ်။

ဂိမ်းသစ်တွေအတွက် အစိုးရက လိုင်စင်ထုတ်မပေးတာကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်ဂိမ်းလုပ်ငန်းပေါင်း ၁၄၀၀၀၀ ‌ကျော် ပိတ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။ 

တရုတ်အစိုးရအနေနဲ့ နိုင်ငံအတွင်း ဗွီဒီယိုဂိမ်းဈေးကွက်ပေါ် တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာနေချိန်မှာ အခုလို ဂိမ်းဈေးကွက် အားနည်းလာတာလည်း ဖြစ်ပါတယ်။ South China Morning Post သတင်းအရ NPPA လို့ ခေါ်တဲ့ အမျိုးသားသတင်းနဲ့ ထုတ်ဝေရေးလုပ်ငန်း ကြီးကြပ်ညွှန်ကြားရေးဌာနဟာ ၂၀၂၁ ဇူလိုင်လအကုန်ကစလို့ ဂိမ်းသစ်များ ဖြန့်ချိမှုကို ခွင့်ပြုမှု ရပ်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။ 



Photo: pcmag


ဂိမ်းသစ်များ ထုတ်လုပ်ခွင့်လိုင်စင် ပိတ်ထားတာကြောင့် ဂိမ်းကုမ္ပဏီကြီးတွေရော ကုမ္ပဏီငယ်လေးတွေပါ ၆ လအတတွင်း ဂိမ်းသစ်များ မိတ်ဆက်ကြေညာနိုင်ခြင်း မရှိခဲ့ပါဘူး။ သတင်းထဲမှာတော့ ဂိမ်းသစ်တွေ မဖြန့်ချိနိုင်တာကြောင့် စီးပွားရေးထိခိုက်လာနေတဲ့ ဂိမ်းကုမ္ပဏီကြီးတွေမှာ ဝန်ထမ်းတွေ အလုပ်ဖြုတ်လိုက်ရတာ‌တောင် ရှိလာတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီငယ်လေးတွေလည်း အခြေအနေကောင်းလှတယ်တော့ မဟုတ်ပါဘူး။


ဒါကြောင့်ပဲ ၂၀၂၁ ခုနှစ်ထဲမှာ ပိတ်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ ဂိမ်းကုမ္ပဏီ ၁၄၀၀၀၀ ကျော် ရှိလာတာလို့ ဆိုပါတယ်။ NPPA အနေနဲ့ ဂိမ်းသစ်တွေ ဖြန့်ချိခွင့်လိုင်စင် ထုတ်ပေးမယ့်ရက်နဲ့ ပတ်သက်လို့လည်း ပြောကြားခြင်း မရှိသေးပါဘူး။ အရင်က NPPA ဟာ တစ်လကို ဂိမ်းသစ် ၈၀ ကနေ ၁၀၀ အထိ ခွင့်ပြုချက်လိုင်စင် ထုတ်ပေးနေတာ ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ၂၀၂၁ ကစပြီး ကလေးများ ဂိမ်းကစားမှုကို တစ်ပတ် ၃ နာရီထက် ပိုမဆော့ဖို့ ကန့်သတ်ပိတ်ပင်လာခဲ့သလို အွန်လိုင်းဂိမ်းတွေမှာ အစိုးရရဲ့ စည်းမျဉ်းဥပဒေနဲ့အညီ ဂိမ်းစွဲလမ်းမှု တိုက်ဖျက်တဲ့ Anti-Addiction System မဖြစ်မနေ ထည့်သွင်းဖို့ပါ ညွှန်ကြားထားပါတယ်။


ပြီးခဲ့တဲ့ လထဲမှာပဲ အချက်အလက်ကာကွယ်ရေးဥပဒေ ချိုးဖောက်မှုကြောင့် နာမည်ကျော် Tencent ပိုင် Apps တွေကို အစိုးရခွင့်ပြုချက်မရမချင်း Update တင်ခွင့်မပြုကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ Fortnite ဂိမ်းကို ရေးဆွဲတဲ့ Epic Games ဟာ တရုတ်နိုင်ငံအတွင်းက ဂိမ်းဆာဗာတွေ ပိတ်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က