ဆုံးရှုံးမှုတန်ဖိုးက ယခင်နှစ်ကထက် ၅ ဆ ကျော် ပိုများနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ယခုနှစ် ၂၀၂၁ ခုနှစ် နှစ်စကနေ နိုဝင်ဘာလကုန်အထိ မီးလောင်မှုဖြစ်စဉ်ပေါင်း နှစ်ထောင်နီးပါးဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၃၂,၈၂၆ သန်းခန့် ဆုံးရှုံးခဲ့တယ်လို့မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရဲ့စာရင်းတွေအရ သိရပါတယ်။



မီးလောင်မှူတွေက လျှပ်စစ်မီးကြောင့်လောင်ကျွမ်းခြင်း၊ ရှို့မီး ကြောင့်လောင်ကျွမ်းခြင်း၊ ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းရခြင်းအများဆုံးဖြစ်ပြီး ၊ မီးလောင်မှုအများဆုံးက ရန်ကုန်တိုင်းနဲ့စစ်ကိုင်းတိုင်း တို့ဖြစ်တယ်လို့ သိရပါတယ် ။

" ၁၁ လအတွင်းမှာ အတိအကျဆိုရင် မီးလောင်မှုက ၁၉၄၉ ကြိမ် ဖြစ်ပွားခဲ့တယ်။ ခုနှစ် ဖြစ်ပွားမှုက အရင်နှစ် တစ်နှစ်လုံးထက် နည်းနည်းပိုများတာတွေ့ရပြီး ဆုံးရှုံးမှုကတော့ အရင်နှစ်ကထက် အတော်လေး ပိုပြီး များတာတွေ့ရတယ် " လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာလ ၂၃ ရက် ည၊ စလင်းမြို့မစျေးကြီး မီးလောင်မှုဖြစ်ပွားနေစဥ် (ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တွင် တိုင်းနဲ့ပြည်နယ် အသီးသီးမှာ မီးလောင်မှုပေါင်း ၂၀၀၀ နီးပါး ရှိခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးက ငွေကျပ်သန်းပေါင်း ၆၀၀၀ ကျော်သာ ရှိခဲ့တာကြောင့် ၊ ယခုနှစ်နဲ့နိူင်းယှဉ်ပါက ဆုံးရှုံးမှုတန်ဖိုးသည် မြန်မာကျပ်ငွေ ကျန်သန်းပေါင်း ၂၀၀၀၀ ကျော်ပိုပြီး များတယ်လို့သိရပါတယ်။

ဒီနှစ်ရဲ့ မီးလောင်မှုတွေမှာ လူနေ အိမ် ၅၀၀၀ နီးပါးနဲ့ စက်ရုံ အလုပ်ရုံပေါင်း ၃၈ လုံးအပါအဝင် ဂိုထောင် အလုံး ၇၀ နဲ့ ဈေးတွေ ပျက်စီးခဲ့ကြောင်း၊ လူသေဆုံးမှုအနေနဲ့  ၉၀ နီးပါးရှိခဲ့ပြီး ဒဏ်ရာရရှိသူက ၁၅၀ နီးပါးရှိခဲ့တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က