၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ထိပ်ဆုံး ၃ နေရာနဲ့ လွဲချော်ခဲ့တာပါ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ ၂ ဦးစလုံးဟာ ယခုနှစ်အတွက် Guardian ရဲ့ အကောင်းဆုံးအမျိုးသားဘောလုံးသမား အယောက် ၁၀၀ စာရင်းထဲက ထိပ်ဆုံးနေရာကို လွဲချော်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးက ၂၀၂၁ ခုနှစ် ဘယ်လွန်ဒေါဆုကို လွဲချော်ခဲ့ပေမယ့်လည်း ပထမနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုနှစ် Guardian ရဲ့ အကောင်းဆုံးကစားသမား ၁၀၀ စာရင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရော လီယွန်နယ် မက်ဆီပါ ထိပ်ဆုံး ၃ နေရာအတွင်း မရပ်တည်နိုင်ခဲ့ကြတာဖြစ်ပါတယ်။



ရောဘတ် လီဝန်ဒေါစကီးက ယခုနှစ်မှာ ဘိုင်ယန်မြူနစ်နဲ့အတူ ဂျာမန်ဖလား ရရှိခဲ့ပြီး ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုး ၅၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ခဲ့တာကြောင့် နံပါတ် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီရော ရော်နယ်လ်ဒိုပါ အကောင်းဆုံးရာသီတွေကို မပိုင်ဆိုင်ခဲ့ကြဘဲ အာဂျင်တီးနားကြယ်ပွင့်ဟာ ဘာစီလိုနာအသင်းနဲ့ ကိုပါဒယ်ရေးဖလားသာ ရရှိခဲ့တာဖြစ်ပါတယ်

ဒါ့အပြင် ပီအက်စ်ဂျီ ကစားသမားဘဝကို အကောင်းဆုံး စတင်နိုင်ခဲ့ခြင်းမရှိဘဲ မက်ဆီဟာ ချန်ပီယံလိဂ်မှာ ၅ ဂိုးအထိ သွင်းယူထားပေမယ့် လီဂူးဝမ်းမှာတော့ ၁၁ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း ပြီးခဲ့တဲ့ရာသီမှာ ဂျူဗင်တပ်နဲ့ ကိုပါ အီတာလီယာဖလားသာ ရရှိခဲ့ပြီး ယခုရာသီ မန်ချက်စတာယူနိုက်တက်အသင်းကို ချန်ပီယံလိဂ်မှာ မကြာခဏ ကယ်တင်ခဲ့ရတာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ ယခုရာသီ ၁၈ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူထားပြီး Guardian ရဲ့ စာရင်းမှာ အဆင့် ၈ သာ ရရှိခဲ့တာကြောင့် စိတ်ပျက်စရာ ဖြစ်ခဲ့မှာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီကတော့ မိုဟာမက် ဆာလား၊ ကာရင် ဘန်ဇီးမား၊ ဂျော်ဂျင်ညိုတို့နဲ့အတူ ပူးတွဲဒုတိယအဖြစ်နဲ့ ထိပ်ဆုံး ၅ နေရာကို လွှမ်းမိုးထားတာဖြစ်ပါတယ်။

Share

က္က